26.

266 3 0
                                    

🔥 My boyfriend is so hot 🔥

Ch - 26

1.

ယခုလများအတွင်း နေရိပ် ကိုးနှင့်အပေါက်အလမ်းတည့်နေသည် ။ အမှန်စင်စစ်က အပေါက်အလမ်းတည့်နေသည်ထက် နှစ်ယောက်စလုံးမအားကြ၍ ရန်ဖြစ်ချိန်မရကြခြင်းဖြစ်သည် ။ ကိုးက အသစ်တိုးချဲ့ထားသော စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေသလို မိမိကလည်း ပထမနှစ်ဝက်စာမေးပွဲအတွက် ပြင်ဆင်ရင်းအလုပ်ရှုပ်နေသည် ။ ထို့ကြောင့် ကိုးကိုတွေ့လိုလျှင် ကိုး၏အိမ်၌ သွားစောင့်နေမှရသည် ။ ထိုသို့သွားစောင့်နေလျက်ကပင် ကိုးကညနက်သန်းခေါင်မှ အိမ်ပြန်လာလျှင် သို့မဟုတ် လုံးဝအိမ်ပြန်မလာလျှင် တွေ့ခွင့်မရ ။ ဖုန်းဆက်ကာ စိတ်ကောက်၍သာရသည် ။ ထိုသို့စိတ်ကောက်ပြီး

" မင်းဘာဖြစ်လို့ ဒီလောက်တောင်အလုပ်တွေလုပ်နေရတာလဲ ကိုး "

ဟု မေးလျှင်

" မင်းလင်ငါက မင်းငါနဲ့ယူရင်ဘာအလုပ်မှလုပ်စရာမလိုပဲ ဒူးနှံ့ပြီးစားလို့ရအောင်ရှာနေတာ "

ဟူ၍ ပြန်ဖြေလေ့ရှိသောကြောင့် စိတ်မကောက်ရက်တော့ ။ မိမိက ကိုးကိုစိတ်ရှုပ်အောင်လုပ်နေသူမဖြစ်အောင် ကြိုးစားနေထိုင်ရင်း ကိုးကိုပါရမီဖြည့်ပေးရတော့သည် ။

2.

ယနေ့က နေရိပ် ပထမနှစ်ဝက်စာမေးပွဲ၏ နောက်ဆုံးဘာသာရပ်ကိုဖြေရသောနေ့ဖြစ်သည် ။ သုံးလလုံးလုံး မိမိနှင့် ဆယ်ခါပြည့်အောင်ပင် တွေ့ချိန်မရသောကိုးက ယနေ့ ခန့်နေဇော်နှင့်မိမိကို ကျောင်းလာကြိုကာ သုံးယောက်အတူ စာမေးပွဲပြီးသည့်အထိမ်းအမှတ်အနေနှင့် လျှောက်လည်ကြမည်ဟု ပြောထားသဖြင့် ​ပျော်နေမိသည် ။ ထို့ကြောင့် ရသမျှစာများကို ခပ်သွက်သွက်ဖြေ၍ အကုန်အစုံဖြေပြီးကြောင်းသေချာသိသည်နှင့် အဖြေလွှာကိုအပ်ပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည် ။ အဆောင်ထဲမှထွက်ထွက်ချင်း အဆောင်အရှေ့တွင် ကားကိုမှီ၍ ရပ်နေသောကိုးကိုတွေ့ရသည် ။ မြင်ချင်နေသောမျက်နှာကို ယခုမြှမင်ရသောကြောင့် ပျော်သွားကာ ကိုးရှိသည့်ဘက်သို့ ကူးသွားရန်ပြင်လိုက်သည် ။ ကိုးကလည်း မိမိအကြိုက် မစ်ရှိတ်ဘူးကိုယူကာ မိမိဘက်သို့ကူးလာရန်ပြင်သည် ။ ထိုစဉ် ကားတစ်စီးက ဖြတ်လာသဖြင့် နှစ်ယောက်စလုံးလမ်းမကူးပဲ ရပ်နေလိုက်ကြသည် ။ ထိုကားထွက်သွားပြီး ကိုးထံကူးသွားရန်ကြည့်လိုက်သောအခါ ကိုးကနေရာတွင်မရှိတော့ ။ ကိုးအစား စာမေးပွဲဖြေပြီး၍ အခန်းထဲမှထွက်လာသောကျောင်းသားများက ကိုး၏ကားအနားတွင် တစတစအုံလာကြသည် ။ ဤမြင်ကွင်းကြောင့် စိုးရိမ်စိတ်တို့က ဒီရေကဲ့သို့မြင့်တက်လာရကာ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now