32

637 26 0
                                    

🔥 My boyfriend is so hot 🔥

Ch - 32

1.

ကိုးက လမ်းမလျှောက်နိုင်သေးသော်လည်း လုံးဝမလျှောက်နိုင်ခြင်းမျိုးမဟုတ်သောကြောင့် သိပ်မဝေးလှသောအကွာအဝေးဆိုလျှင် ဘေးတွင်ရှိသောပစ္စည်များကို အားပြု၍ လိုရာသို့သွားနိုင်နေပြီဖြစ်သည် ။

သို့သော် ...
ယနေ့တွင်မူ လမ်းမလျှောက် ။ အိပ်ရာမှနိုးလာကတည်းက ကားပေါ်ရောက်သည်အထိ နေရိပ်ကိုသာချီခိုင်းနေသည် ။ ပုံမှန်ဆိုလျှင် ချီမည်ဟုပြောလျင် လက်မခံပဲ ခါးခါးသီးသီးငြင်းသူက ယခုထူးထူးဆန်းဆန်းအချီခံလိုနေသဖြင့် မျက်နှာကိုကြည့်လိုက်ပြီး

" မင်းကိုးအစစ်ဟုတ်ပါတယ်နော် "

ဟု ပြောလိုက်သည် ။ အဖြေစကားပြန်မရသော်လည်း ရှည်သွယ်သွယ်လက်ခလယ်တစ်ချောင်းက အမြင်အာရုံထဲရောက်လာသဖြင့် သဘောကျစွာအော်ရယ်လိုက်မိသည် ။

2.

တောက်လျှောက်အချီခံနေခြင်းကို စလိုက်သောကြောင့်ထင်သည် ။ စားသောက်ဆိုင်သို့ရောက်သောအခါ ကိုးက ကိုယ့်အားကိုယ်ကိုး၍ ကားပေါ်မှဆင်းသည် ။ ကားပေါ်မှ အောင်အောင်မြင်မြင်ဆင်းလိုက်နိုင်သော်လည်း ခြေထောက်က ကြာကြာရပ်နိုင်ပုံမပေါ် ။ ခွေကျသွားသဖြင့် နေရိပ်

" ကိုးငယ် "

ဟု စိုးရိမ်စွာခေါ်၍ ကိုး၏ပုခုံးကို ဖက်လိုက်သည် ။ ပြီးသည်နှင့်

" ခြေထောက်ခေါက်သွားတာလား .... ငါ့ကိုပြ "

ဟု မေးကာ ကိုး၏ခြေရင်းတွင် ငုတ်တုတ်ထိုင်လိုက်ပြီး ကိုးစီးထားသောဖိနပ်ကို ချွတ်ကြည့်လိုက်သည် ။ ခြေကျင်းဝတ်နေရာက ယောင်နေပြီး ထိုယောင်နေသည့်ဒဏ်ရာအပေါ်တွင် ညိုမဲအကွက်များကရှိနေသည် ။ ယခုမှရသောဒဏ်ရာနှင့်မတူသောကြောင့် ကိုးကိုမော့ကြည့်လိုက်ပြီး

" ဒီဒဏ်ရာက ဘယ်တုန်းကရထားတာလဲ "

ဟု မေးလိုက်သည် ။

3.

အညိုကစိတ်ဆိုး၍ မိမိအားဆိုဖာပေါ်သို့ပစ်ချလိုက်သည့်အတွက် ကိုး အညို့ကိုစိတ်ဆိုးသော်လည်း ကိုယ်တိုင်က လမ်းပင်မလျှောက်နိုင်သောအခြေအနေဖြစ်နေသောကြောင့် နှုတ်ဆိတ်နေလိုက်သည် ။ အညိုကသာ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now