35

820 28 0
                                    

🔥 My boyfriend is so hot 🔥

Ch - 35

1.

" ကိုးငယ် .... သန့်ရှင်းရေးလုပ်ရအောင် .... ထ "

ဟူသော နေရိပ်၏စကားကို ကိုးကမတုံ့ပြန်ပဲ ကွေးနေသောကြောင့် နဖူးကိုနမ်းလိုက်ပြီး

" ကိုးငယ်လို့ "

ဟု ထပ်ခေါ်လိုက်သည် ။ ထိုအခါမှ မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကြည့်ပြီး

" နေရိပ်ညို "

" မကောင်းတဲ့ကောင် "

ဟု ပြောသည် ။ ထို့ကြောင့် အူကြောင်ကြောင်ဖြင့်ကြည့်ပေးလိုက်ပြီး

" ဟော .... ပလိန်းကြီး "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ကိုးက

" ဘာကိုပလိန်း ... ဘောကိုပလိန်း .... မင်းလုပ်တာ ငါအခုထတောင်မထနိုင်တော့ဘူး "

ဟု ထပ်ပြောသည် ။ ကိုး၏စကားကို မသိသည့်လူကြားလျှင် မိမိကပင်အထက်စီးကအမြဲနေရသည်ဟု ထင်ကြပေလိမ့်မည်ဖြစ်သောကြောင့် ကိုးကိုဘုကြည့်,ကြည့်လိုက်ပြီး

" မင်းတစ်ယောက်ထဲ အောက်မှာနေရတာလား .... ငါလည်းနေရတာပဲကို "

ဟု ပြောလိုက်သည် ။

သို့သော် ....
ကိုးက ဤစကားကိုအရေးမလုပ် ။

" နောက်တစ်ခါ မင်းနဲ့လီးတောင်အတူမနေတော့ဘူး "

ဟု ရေရွတ်ပြီး ခါးအောက်ကိုခေါင်းအုံးတစ်လုံးထိုးထည့်နေသည် ။ ထိုသို့ထိုးထည့်ရင်း

" နာတာသေတော့မလိုပဲ .... အောက်ပိုင်းများသေသွားပြီလားမသိဘူး "

ဟု မကျေမနပ်နှင့်ပြောနေသေးသဖြင့် ကြိတ်ရယ်လိုက်မိသည် ။

2.

ကိုးက သန့်ရှင်းရေးလုပ်ပေးမည်ဟုပြောသည်ကို လက်မခံပဲ ဇွတ်အတင်းပေကပ်ကာအိပ်သွားသောကြောင့် နေရိပ် ကိုးအိပ်ပျော်သွားသောအခါမှ ရေချိုးခန်းထဲသို့ အသာပွေ့ချီ၍ ခေါ်လာခဲ့လိုက်သည် ။ ထိုသို့ခေါ်မလာခင်ကတည်းက ရေချိုးကန်ထဲတွင် ရေနွေးနွေးကို တစ်ခါတည်းစပ်ခဲ့ပြီးပြီဖြစ်သောကြောင့် ကိုးကိုခေါ်လာပြီးသည်နှင့် ရေချိုးကန်ထဲသို့ထည့်လိုက်သည် ။ ကိုးက လူတစ်ကိုယ်လုံးရေချိုးကန်ထဲရောက်နေသည်ကိုပင် မနိုးပဲ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now