25❗️

1.8K 40 0
                                    

🔥 My boyfriend is so hot 🔥

Ch - 25 ❗️

1.

နေရိပ် မိမိအားအတင်းနမ်းနေသော ကိုး၏အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ကိုး သတိလွတ်သွားသောအခါမှ ဗိုက်နေရာကို နာအောင်လက်သီးနှင့်တမင်ထိုးလိုက်သည် ။ ပြီးမှ

" ငါ့ကိုအကြပ်လာမကိုင်နဲ့ ကိုး "

ဟု ပြောလိုက်သည် ။

သို့သော် ....
ကိုးကပြန်မတုံ့ပြန် ။ အထိုးခံလိုက်ရသောဗိုက်နေရာကို လက်ဖြင့်ဖိ၍ ရှုံ့မဲ့နေသည် ။

တမင်နာအောင်ထိုးလိုက်ခြင်းဖြစ်သော်လည်း ကိုးယခုလိုပုံစံဖြစ်သွားအောင်အထိ အားမပါကြောင်းသိသည် ။ ထို့ကြောင့် စိတ်ပူသွားပြီး

" ကိုး "

ဟု ခေါ်လိုက်သည် ။ ထို့နောက်

" ဘာဖြစ်တာလဲ .... ငါ့ကိုပြစမ်း "

ဟု ပြောကာ ကိုးအနားသို့လျှောက်သွားလိုက်သည် ။ ကိုးက

"ဟမ် ... ဘာ ဘာမှမဖြစ်ဘူး "

ဟု ပြောကာ အနောက်သို့ ခြေတစ်လှမ်းစီဆုတ်သွားသောကြောင့် ကိုးတစ်ခုခုဖြစ်နေ​သည်ဟု ထင်နေသည့် သံသယက ပို၍ရှင်းလင်းလာသည် ။ ဤအတိုင်းရိုးရိုးမေးလျှင် အဖြေရမည်မဟုတ်သောကြောင့် မျက်မှောင်ကြုံ့လိုက်ပြီး

" ကောင်းကောင်းပြောတုန်း ဘာဖြစ်လဲဆိုတာငါ့ကိုပြော ကိုး "

ဟု ပြောလိုက်သည် ။

2.

အညိုက ဗိုက်မှဒဏ်ရာကိုကြည့်ပြီး

" ကိုး "

ဟု ခေါ်လာသဖြင့် ကိုး အင်္ကျီကို ပြန်ဆွဲချလိုက်ကာ

" ငါဘာမှမဖြစ်ဘူး အညို "

ဟူ၍ ပြောလိုက်သည် ။

သို့သော် ...
အညိုက အရေးမလုပ် ။

" မနေ့ကအထိ မင်းမှာဒီဒဏ်ရာမရှိပါဘူး .... ဘယ်ကနေဘယ်လိုရလာတာလဲ "

ဟု မေးသည် ။ တစ်ဆက်ထဲမှာပင်

" ငါ့ကိုနည်းနည်းလောက်ပဲဖြစ်ဖြစ် ပွင့်လင်းစမ်းပါ "

ဟု ပြောသည် ။ ထို့ကြောင့် သက်ပြင်းချလိုက်ပြီး

" ပြန်ရအောင် ... ပြန်ရင်းနဲ့ပြောပြမယ် ... ဒီမှာမင်းအန္တရာယ်များတယ် "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now