17 ❗️

2.4K 54 0
                                    

🔥 My boyfriend is so hot 🔥

Ch - 17 ❗️

1.

" ကျွန်တော်တောင်းပန်ပါတယ် ဂျက်စ် .... ကျွန်တော်တို့သဘောတူထားတာကို ဒီနေ့ပဲအဆုံးသတ်လိုက်လို့ရလား "

ဟူသော နေရိပ်၏စကားအဆုံးတွင် ဂျက်စမင်က မျက်လုံးအဝိုင်းသားဖြင့်ကြည့်ကာ

" ဘာဖြစ်လို့လဲ .... ကိုးလေးနဲ့အဆင်ပြေသွားပြီလား "

ဟု မေးသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" မဟုတ်ပါဘူး .... ကျွန်တော်ဒီထက်ပိုပြီး ကိုးကိုစိတ်ညစ်အောင်မလုပ်ချင်တော့လို့ပါ .... ဒါပါပဲ "

ဟု အကြောင်းပြချက်ပေးလိုက်သည် ။ ထိုအခါ ဂျက်စမင်က ဖွဖွပြုံး၍

" အဲ့ဒါဆိုရင်လည်း နေရိပ်သဘောပါပဲ .... ကိုယ်တို့က အစကတည်းက Date ရုံပဲ Date ကြမယ်လို့ သဘောတူထားတာပဲ "

ဟု ပြောသည် ။ ဂျက်စမင်က ကြည်ကြည်ဖြူဖြူပင် မိမိ၏တောင်းဆိုချက်ကို လိုက်လျောသောကြောင့် ဂျက်စမင့်ကို

" ကျွန်တော့်ကိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ် "

ဟု ကျေးဇူးတင်စွာပြောလိုက်သည် ။ ဤစကားအဆုံးတွင် ဂျက်စမင်က ပြုံး၍

" အဲ့ဒါဆို နောက်ဆုံးအနေနဲ့ Dinner Date လုပ်ပြီး လမ်းခွဲကြရအောင် "

ဟု ပြောသဖြင့် ခေါင်းညိတ်လိုက်သည် ။

2.

" ဂျက်စ် .... ခင်ဗျားတော်တော်ယုတ်မာတာပဲ "

ဟု ပြောလိုက်သော နေရိပ်၏စကားအဆုံးတွင် ဂျက်စမင်ကရယ်ပြီး

" အံ့တော့အံ့သြစရာပဲ ... နေရိပ်ညိုက ကိုးကို မျှားခေါ်ဖို့ အကောင်းဆုံးဓားစာခံဖြစ်နေလိမ့်မယ်လို့ သူများတွေပြောတုန်းက မယုံခဲ့ဘူးရယ် .... သိလား "

ဟူ၍ ပြောသည် ။ ထို့ကြောင့် ရယ်လိုက်ပြီး

" ကျုပ်နဲ့မျှားတိုင်း ကိုးကခင်ဗျားဆီလာမယ်လို့ထင်နေကတည်းက ခက်ဗျားဉာဏ်မမှီတာသိလိုက်ရပြီ "

ဟု ပြောလိုက်သည် ။ ဤစကားကိုကြားသောအခါ ဂျက်စမင်က

" ကိုးအတွက် မင်းကအားနည်းချက်ပဲဆိုတာ ဒီလောက,ကလူတိုင်းသိတယ် ..... အဲ့ဒါကြောင့် မင်းကိုကယ်ဖို့သူမလာဘူးဆိုတဲ့ မင်းရဲ့ယုံတမ်းစကားကို ကိုယ်မယုံဘူး "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now