21

766 33 0
                                    

🔥 My boyfriend is so hot 🔥

Ch - 21

1.

နေရိပ်အိပ်ရာမှနိုးပြီး မနက်စာစားပြီးသည်အထိ ကိုးကမနိုးသေး ။ ခါတိုင်းဆိုလျှင် လေးနာရီလောက်ကတည်းက နိုးနေပြီဖြစ်သော်လည်း ယနေ့မနိုးသေးသည်မှာ ညကအိပ်ရေးပျက်သောကြောင့်ထင်သည် ။ ထို့ကြောင့် မနှိုးတော့ပဲ မိမိဘာသာ ကျောင်းသွားရန် ပြင်ဆင်နေလိုက်သည် ။ ထိုသို့ပြင်ဆင်နေစဉ်မှာပင် ကိုးကနိုးလာသည် ။ အိပ်ချင်မူးတူးနှင့် ငုတ်တုတ်ထိုင်နေသောကြောင့်

" ကိုး .... ကိတ်မင်းအတွက် နန်းကြီးသုပ်လုပ်ထားတယ် .... စားသွားလိုက်အုံး "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ကိုးကလှမ်းကြည့်ပြီး

" အင်း အညို .... ငါဒီနေ့လိုက်မပို့တော့ဘူး .... လုပ်စရာလေးတွေရှိလို့ "

ဟု ပြောသည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး

" ရတယ် .... လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ် .... ငါ့ကိုမပူနဲ့ "

ဟု ပြောလိုက်သည် ။

2.

အညို့အိမ်မှပြန်လာသော ကိုးကိုမြင်သည်နှင့် ကိုစိုးမိုးက

" သခင်လေးစုံစမ်းခိုင်းထားတာတွေရပါပြီ "

ဟု ပြောသည် ။ ပြောရင်းနှင့် Tablet ကိုကိုင်၍ အနားသို့လျှောက်လာသည် ။ ထို့ကြောင့် ကိုစိုးမိုးပေးသော Tablet ကို ယူကြည့်လိုက်ပြီး

" ထင်ထားသလောက်လည်း စျေးကမများပါဘူး "

ဟု ပြောလိုက်သည် ။ ထို့နောက်

" သူ့သမီးက ဒီလောက်ပဲတန်ဖိုးရှိတာလား .... ရယ်စရာပဲ "

ဟု ရေရွတ်လိုက်သည် ။ ပြီးမှ

" သူအရင်နေရာမှာပဲမဟုတ်လား "

ဟု မေးလိုက်သည် ။

" ဟုတ်ပါတယ် သခင်လေး "

ဟူသော အဖြေစကားကိုရသောကြောင့် မြေအောက်ခန်းဘက်သို့ ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည်   ။

3.

မိမိကိုမြင်သည်နှင့် စားတော့ဝါးတော့မလိုကြည့်ကာ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now