27

636 27 0
                                    

🔥 My boyfriend is so hot 🔥

Ch - 27

1.

" အစ်ကိုလေး .... မနေ့ညကတစ်ညလုံးလည်းမအိပ်ဘူး .... အခုလည်းအနားမယူဘူးဆိုရင် အစ်ကိုလေးပါလဲသွားလိမ့်မယ် "

ဟူသော စကားကို ကိုစိုးမိုးက တစ်ညလုံးမအိပ်ပဲ ကိုးအနားတွင် ငုတ်တုတ်ထိုင်နေသော နေရိပ်အားကြည့်၍ ဤစကားကိုပြောလာသည် ။ ထို့ကြောင့် ကိုစိုးမိုးကိုမော့ကြည့်လိုက်ပြီး

" ကိုးအခုလိုဖြစ်နေတာကို ကျွန်တော်လက်ခံဖို့လိုတယ် ကိုစိုးမိုး .... အဲ့ဒါကြောင့် ကျွန်တော့်ကိုအချိန်နည်းနည်းလောက်ပေးပါ "

ဟု ပြောလိုက်သည် ။ဤစကားအဆုံးတွင် ကိုစိုးမိုးက ခေါင်းညိတ်၍

" အဲ့ဒါဆိုရင်လည်း တစ်ခုခုတော့စားပါ အစ်ကိုလေး ... ကျွန်တော်ပို့ခိုင်းလိုက်ပါမယ် "

ဟု ပြောသည် ။ ပြောပြီးသည်နှင့် အခန်းထဲမှထွက်သွားသဖြင့် ကိုး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လွတ်နေသောနေရာတွင် ခေါင်းမှောက်ချလိုက်သည် ။

" မင်းမရှိရင် အရာရာကငါ့အတွက်အဓိပ္ပာယ်မရှိဘူးဆိုတာ အခုသိပြီလား ကိုးငယ် "

2.

မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းကိုက်ခြင်းကို ဦးစွာခံစားရသဖြင့် နေရိပ်

" ကျစ် "

ဟု ညည်းကာ ထထိုင်လိုက်သည် ။ ထိုအခါမှ မိမိရောက်နေသောနေရာသည် မိမိအိမ်မှ မိမိအခန်းဖြစ်ကြောင်း သတိထားမိသည် ။

သို့သော် ...
မည်သို့မည်ပုံ အိမ်ပြန်ရောက်နေကြောင်းမမှတ်မိ ။ ကိုးအနားတွင်နေရင်း မှေးကနဲအိပ်ပျော်သွားသည်ကိုသာ သတိရသည် ။ ထို့ကြောင့် အခြေအနေကိုလေ့လာရန် ကုတင်ပေါ်မှဆင်း၍ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည် ။

အပြင်သို့ရောက်သည်နှင့် ကေသီ့အားတွေ့ရသောကြောင့်

" ကိတ် "

ဟု ခေါ်လိုက်သည် ။ ကေသီက မိမိထက်အရင်

" သြော် သား .... ကေသီတောင်အခုပဲလာနှိုးတော့မလို့ "

ဟု ပြောသဖြင့် ခေါင်းညိတ်လိုက်ပြီး

" ဟုတ် .... ဘာဖြစ်လို့လဲ ကိတ် "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now