34❗️

1.8K 45 0
                                    

🔥 My boyfriend is so hot 🔥

Ch - 34 ❗️

1.

သဲလွန်စရှာတွေ့ပြီဟုပြောသောကြောင့် ကိုး အညို့အနောက်သို့လိုက်လာခဲ့ခြင်းဖြစ်သော်လည်း အညိုက သဲလွန်စနှင့်ပတ်သတ်သည့်စကားတစ်ခွန်းကိုမှမဆိုပဲ ဝေ့ဝိုက်နေသောကြောင့် ခေါင်းကုတ်လိုက်ပြီး

" ပြောချင်တာကဘာလဲ အညို "

ဟု တည့်ပင်မေးလိုက်သည် ။ ထိုအခါမှ အညိုက

" ငါတောင်းပန်ပါတယ် ကိုးငယ် .... မင်းကိုစိတ်ကုန်တယ်လို့ မပြောခဲ့သင့်ဘူး "

ဟု မဝံ့မရဲပြောသည် ။ ထို့ကြောင့် နံရံကိုကျောမှီလိုက်ပြီး

" ငါ့ကိုစိတ်ကုန်တယ်ဆိုတဲ့စကားက မင်းစိတ်ထဲကပါလို့ပြောပြော မပါပဲနဲ့ပြောပြော အဲ့ဒါမင်းအကြောင်းပဲ အညို .... ငါဂရုမစိုက်ဘူး "

ဟု ပြောကာ အခန်းထဲမှထွက်ရန်ဟန်ပြင်လိုက်သည် ။

သို့သော် ....
အညိုက အသွားမခံ ။ မိမိရှိရာဆီသို့ ပြေးလာပြီး ခါးကိုဖက်ကာ ရင်ခွင်ထဲသို့အတင်းတိုးဝင်သည် ။

အညို့ကို စိတ်မဆိုးတော့သော်လည်း စကားပြောလိုစိတ်မရှိသေးသဖြင့် ပြန်မဖက်ပဲ ငြိမ်၍သာရပ်နေလိုက်သည် ။ အညိုကပင်

" ငါမင်းကိုချစ်တယ် ကိုးငယ် ..... ငါ့ဘဝမှာ မင်းကလွဲပြီး တခြားဘယ်သူ့ကိုမှထပ်မချစ်နိုင်တော့တာမို့လို့ ကျေးဇူးပြုပြီး ငါ့ကိုထပ်မထားခဲ့ပါနဲ့တော့ .... မင်းနဲ့ဝေးရရင် ငါတကယ်ရူးသွားလိမ့်မယ် ကိုးရယ် "

ဟု ဆက်ပြောသည် ။ အညိုတကယ်စိတ်မကောင်းဖြစ်နေမှန်းကို သိသော်လည်း ယခုတစ်ခေါက်တွင်မူ လွယ်လွယ်နှင့်မပျော့ဟု စိတ်ကူးထားသဖြင့် အညို့ကိုအသာတွန်းဖယ်လိုက်ပြီး

" ငါအလုပ်များနေတယ် အညို "

ဟု ပြောလိုက်သည် ။

2.

ဤအခြေအနေနှင့် ရင်ဆိုင်ရမည်ကိုသိသော်လည်း တကယ်တမ်းရင်ဆိုင်ရသောအခါ ဤမျှလောက်ခက်ခဲမည်ဟု ထင်မထားခဲ့သော နေရိပ်တစ်ယောက် ယောက်ယက်ခတ်ရတော့သည် ။ ကိုးနှင့် မွေးကာစအရွယ်ကတည်းက အတူတူနေခဲ့ခြင်းဖြစ်သော်လည်း ကိုးက စိတ်ဆိုးခဲသောကြောင့် တစ်ကြိမ်တစ်ခါမှ မချော့ခဲ့ရဖူး ။ ထို့ကြောင့် မည်သို့မည်ပုံ စိတ်ဆိုးပြေအောင်လုပ်ရမည်ကို စဉ်းစား၍မရ ။ ရုပ်ရှင်ဇာတ်လမ်းများထဲကလို ရိုမန့်ဆန်ဆန်ချော့ရန်ကလည်း ကိုးက အနုအယွများကို ကြိုက်တတ်သူမဟုတ် ။ ကိုစိုးမိုးကိုအားကိုးရန်စိတ်ကူးမိသော်လည်း မိမိတို့ဤအသက်အရွယ်ရောက်သည်အထိ ကိုစိုးမိုးအနားတွင် အမဟူ၍ ခြင်မကိုပင်မမြင်ဖူးခဲ့သောကြောင့် ကိုယ့်အားကိုယ်ကိုးရန်သာ ဆုံးဖြတ်လိုက်တော့သည် ။

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now