8

1.2K 46 0
                                    

🔥 My boyfriend is so hot🔥

Ch - 8

1.

ကိုး ခန့်နေဇော်ပို့ပေးသောစာရွက်များကို ပရင့်ထုတ်၍ အညို့ကိုပေးရန် အညိုတို့အိမ်ဘက်သို့ ထွက်လာခဲ့လိုက်သည် ။ မနက်ရှစ်နာရီကျော်နေပြီဖြစ်သော်လည်း တက်ကြွသည့်ကြက်ဖက အိပ်မက်ကမ္ဘာထဲတွင် နစ်မြောနေဆဲဖြစ်သည် ။ ထို့ကြောင့် လွတ်သည့်နေရာတွင် တင်ပါးလွှဲဝင်ထိုင်လိုက်ပြီး အညို့တင်ပါးကို လက်ဖြင့်ခပ်စပ်စပ်ရိုက်လိုက်ကာ

" ခွေးကောင် .... သေမနေတော့နဲ့ .... ထစမ်းတော့ "

ဟု ပြောလိုက်သည် ။ ထိုအခါမှ

" *ီး ..... ဘောမို့လို့အသေရိုက်နေတာလား "

ဟူသော မနက်ခင်းတေးသံသာကိုကြားရသည် ။ ဤအသံကိုကြားရသည်နှင့် အညို့ကိုဆွဲထူလိုက်ပြီး

" နိုးရင်ထတော့ ဟေ့ကောင် ..... မင်းကျောင်းမတက်ဘူးလား "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် အညိုက ခေါင်းကိုတဗြင်းဗြင်းကုတ်၍

" မင်းဘယ်လိုကောင်လဲကွာ ..... ငါ့အဖေတောင်ငါ့အတွက်စိတ်မပူတာကို "

ဟု ပြောပြီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲသို့ ဆောင့်အောင့်၍ဝင်သွားသည် ။

2.

နေရိပ် ရေချိုးခန်းထဲမှထွက်လာသောအခါ ကိုးက အိပ်ရာကို သပ်သပ်ရပ်ရပ်ရှင်းလင်းပေးနေသည်ကို တွေ့ရသည် ။ ထိုသို့လုပ်နေရင်းက

" အညို .... မနေ့ကမင်းလွတ်သွားတဲ့စာတွေ ငါပရင့်ထုတ်လာတယ် "

ဟု လှမ်းပြောသည် ။ ကိုး၏စကားကြောင့် မျက်မှောင်ကြုံ့လိုက်ပြီး

" ငါတောင်ဘယ်သူ့ဆီကမေးရမလဲမသိတာ မင်းကဘယ်သူ့ဆီကကူးလာတာလဲ "

ဟု မေးခွန်းထုတ်လိုက်သည် ။ ဤမေးခွန်းကို ကိုးက

" ခန့်နေဇော်ဆီကလေကွာ "

ဟု ပြန်ဖြေရင်း

" အဝတ်လဲပြီး အောက်ဆင်းခဲ့ .... ကိတ်စောင့်နေတယ် "

ဟူ၍ ပြောသည် ။ ကိုးက တစ်ယောက်ထဲပြော၍ တစ်ယောက်ထဲဖြေနေရသော ကိုယ့်အခြေအနေကိုယ် သိသွားဟန်တူသည် ။ မိမိရှိရာဆီသို့ လှည့်ကြည့်ကာ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now