3

1.9K 70 0
                                    

🔥 My boyfriend is so hot🔥

Ch - 3

1.

မနက်လေးနာရီတိတိတွင် ကိုး၏ဖုန်းအလန်းမ်က မြည်လာသဖြင့် နေရိပ် အိပ်ရာမှနိုးလာသည် ။ အလန်းမ်ကမြည်နေသော်လည်း ဖုန်းပိုင်ရှင်ကိုးက တုတ်တုတ်ပင်မလှုပ် ။ ထို့ကြောင့် အလန်းမ်ကိုပိတ်ပြီး ကိုးကိုကြည့်လိုက်သည် ။ ဖခင်ဖြစ်သူ၏လုပ်ငန်းများကို ကိုးကဤအသက်အရွယ်နှင့် ဦးစီးနေရသဖြင့် ပင်ပန်းကာအလုပ်ရှုပ်မည်ကိုသိသော်လည်း ဤမျှလောက် အိပ်ရာမှစောစောထကာ ကြိုးစားနေရမှန်းမသိခဲ့ ။ ယခု အလန်းမ်မြည်မှသိရခြင်းဖြစ်သည် ။ ထို့ကြောင့် စိတ်ထဲမှ

" ငါ့ကိုးလေးပင်ပန်းနေရောပေါ့ "

ဟု ရေရွတ်လိုက်သည် ။ ထိုစဉ်မှာပင် ကိုးက အင်းအဲနှင့် လူးလွန့်လှုပ်ရှားလာသည် ။ ထနေကျအချိန်ဖြစ်သောကြောင့် မျက်လုံးကအကျင့်ပါနေဟန်တူသည် ။ မှိတ်ထားသောမျက်လုံးများကို အတင်တွန်းကန်ဖွင့်ရန်ဟန်ပြင်နေသဖြင့် ကိုး၏ခေါင်းကို ဖွဖွပွတ်လိုက်ပြီး

" အစောကြီးရှိသေးတယ် ကိုး ..... ပြန်အိပ်လိုက်အုံး "

ဟု ပြောကာ ချော့သိပ်လိုက်သည် ။ ကိုးက နှစ်ခါပြန်မသိပ်ရပဲ

" အင်း "

ဟု ပြောကာ ပြန်အိပ်သွားသောကြောင့်

" ဒီနေ့တစ်ရက်တော့ အိပ်ရေးဝဝအိပ်လိုက် ကိုး "

ဟူ၍ တိုးတိုးပြောလိုက်သည် ။

2.

ကိုး အိပ်ရာမှနိုးလာသောအခါ အညိုက ဘေးတွင်ရှိမနေတော့ ။ ထို့ကြောင့် စားပွဲပေါ်တွင်တင်ထားသော ဖုန်းကိုယူကြည့်လိုက်သည် ။ မနက်ကိုးနာရီထိုးနေပြီဖြစ်သောကြောင့် မျက်လုံးပြူးသွားပြီး ဝုန်းကနဲထထိုင်လိုက်သည် ။ စိတ်ထဲမှလည်း

" ငါဘယ်လိုတောင်အိပ်ပျော်သွားလို့ မနက်လေးနာရီအလန်းမ်ပေးထားတာကို မနိုးတာလဲ "

ဟု ရေရွတ်လိုက်သည် ။ ထို့နောက် ကုတင်ပေါ်မှဆင်းကာ အောက်ထပ်သို့ပြေးဆင်းလာခဲ့လိုက်သည် ။ အောက်ထပ်သို့ရောက်သောအခါ ကေသီကပြုံး၍

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now