23

688 21 0
                                    

🔥 My boyfriend is so hot 🔥

Ch - 23

1.

ကိုးက ဘုရားရင်ပြင်တော်အား တစ်ပတ်,ပတ်ရင်း

" ငါ့အဖေနဲ့နောက်ဆုံးအပြင်ထွက်လည်ခွင့်ရတုန်းက ငါ့အဖေက ငါ့ကိုဒီဘုရားကိုခေါ်လာတာ "

ဟု ဖခင်ဖြစ်သူအား တမ်းတရင်းပြောပြလာသဖြင့် နေရိပ် ကိုးကိုကြည့်လိုက်မိသည် ။ မိဘနှစ်ဦးစလုံး စုံစုံလင်လင်ရှိသော်လည်း မိခင်ဖြစ်သူထံမှ အချစ်မခံရပဲ အမုန်းသာခံခဲ့ရသောကိုးသည် ဖခင်ဖြစ်သူအား တွယ်တာသည်မှာမဆန်း ။ ဖခင်ဖြစ်သူကလည်း ကိုးကိုချစ်သော်ငြား စီးပွားရေးလုပ်ငန်းကို တစ်ဦးထဲဦးစီးနေရသောကြောင့် ကိုးကိုအချိန်မပေးနိုင် ။ ထို့ကြောင့် ကိုးက မိမိ၏မိခင်ဖြစ်သူအား မိခင်အရင်းကဲ့သို့ တွယ်တာသည် ။ မိမိကိုလည်း အစ်ကိုအရင်းကဲ့သို့ တွယ်တာခဲ့သည် ။

သို့သော် ...
ကိုးသည် မိခင်မရှိပဲနေရရန် ကံပါဟန်တူသည် ။ ကိုး၏ဖခင်မဆုံးခင် တစ်နှစ်အလိုတွင် မိမိ၏မိခင်ဖြစ်သူသည် ရင်သားကင်ဆာဖြင့် ကွယ်လွန်ခဲ့သည် ။

ထိုအချိန်မှစ၍ ကိုးက မိမိအားပို၍ ခင်တွယ်လာသည် ။ မိမိကလည်း မိစုံဖစုံရှိလျက်နှင့် အချစ်မခံရသောကိုးကို ကရုဏာစိတ်ဖြင့် ပေါင်းသင်းခဲ့သဖြင့် ကိုးနှင့်မိမိ၏သံယောဇဉ်သည် ညီအစ်ကိုအရင်းများထက်ပင်ပို၍ ခိုင်မာခဲ့သည် ။ ကိုးမရှိလျှင် မိမိအတွက်မဖြစ်သလို ကိုးအတွက်လည်း မိမိမရှိ၍မဖြစ်သည်အထိ ချည်နှောင်ခဲ့သောကြိုးသည် မြဲမြံခိုင်မာခဲ့သည် ။

2.

ကိုး အညို့အား မိမိစိတ်ထဲတွင် ခံစားနေရသည့်ခံစားချက်ကို ​စိတ်လွတ်လက်လွတ် ပြောပြပြီးသောအခါမှ အညိုလည်း မိမိကဲ့သို့ခံစားနေရသည့်လူဖြစ်ကြောင်း သတိမူမိသည် ။ ထို့ကြောင့် အညို့ကိုကြည့်လိုက်ပြီး

" ဆောရီး .... ငါမင်းကိုအရမ်းညည်းညူပြနေမိတယ်ထင်တယ် "

ဟူ၍ ပြောလိုက်သည် ။ ဤစကားအဆုံးတွင် အညိုက မိမိ၏လက်တစ်ဖက်ကို ဖွဖွဆုပ်ကိုင်ပြီး

" မင်းတစ်ဘဝလုံးညည်းညူပြနေမယ်ဆိုရင်တောင် ငါ့အတွက်ဘာမှမဖြစ်ဘူး .... အဆင်ပြေတယ် "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now