11

983 38 0
                                    

🔥 My boyfriend is so hot🔥

Ch - 11

1.

ခြေထောက်မီးရှို့ခံရသောကြောင့် နေရိပ် ကိုးကိုစိတ်ဆိုးလိုသော်လည်း ကိုး၏ အားရပါးရရယ်နေပုံကြောင့် စိတ်မဆိုးရက်တော့ ။

" ငါ့ကိုစိတ်အနှောက်အယှက်ပေးရတာ အဲ့ဒီလောက်တောင်ကြိုက်လား .... ဟုတ်လား "

ဟု မေးကာ ထိုင်နေသောကိုး၏ခါးကိုကန်လိုက်သည် ။ ကိုးက မိမိ၏ခြေထောက်ကို ဖမ်းထားပြီး

" မင်းအကွက်တွေရိုးနေပြီ အညို .... လုပ်မနေတော့နဲ့ "

ဟု ပြောသည် ။ ပြီးမှ မတ်တပ်ထရပ်ကာ

" ထတော့ .... ကျောင်းလိုက်ပို့မယ် "

ဟု ပြောသည် ။ ပြောရင်းနှင့် ခြေရင်းတွင်ပုံနေသောစောင်ကိုယူကာ ခေါက်နေသည် ။ ထို့ကြောင့် အကြောဆန့်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲသို့ဝင်လာခဲ့လိုက်သည် ။

2.

ကိုး ဆေးခွင့်လာတင်ပြီးနောက်ပိုင်း နေရိပ်တစ်ယောက် ကျောင်းသို့လည်းပေါ်မလာသည့်အ​​ပြင် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ပျောက်ချင်းမလှပျောက်သွားသဖြင့် ခန့်တစ်ယောက် နေရိပ်ထံသို့ ဖုန်းမဆက်မိသည်ကို နောင်တရချင်လာသည် ။ ထို့ကြောင့် ယနေ့တွင်တော့ ဖုန်းဆက်သတင်းမေးမည်ဟု စိတ်ကူးကာ စားပွဲခုံပေါ်မှဖုန်းကို ထုတ်လိုက်သည် ။ ထိုစဉ် နေရိပ်က အပေါက်ဝတွင်ပေါ်လာသည် ။ မျှော်နေသူကို ရုတ်တရက်မြင်လိုက်ရသောကြောင့် ဝမ်းသာသွားပြီး မတ်တပ်ထရပ်လိုက်ကာ

" နေရိပ် "

ဟု ခေါ်လိုက်သည် ။ နေရိပ်က လှမ်းနှုတ်ဆက်သောမိမိကို လက်ထောင်ပြကာ ပြန်နှုတ်ဆက်ပြီး နေရာသို့လျှောက်လာသည် ။ နေရိပ်အနားသို့ရောက်သောအခါမှ ပြုံးပြလိုက်ကာ

" မင်းနေကောင်းသွားပြီလား "

ဟု မေးလိုက်သည် ။ နေရိပ်က ဤမေးခွန်းကို

" အွန်း "

ဟု ပြန်ဖြေပြီး

" ဟိုရက်တွေက ငါလွတ်သွားတဲ့စာတွေပြန်ကူးဖို့ မင်းစာအုပ်တွေခဏငှားပါအုံး ..... ရတယ်မဟုတ်လား "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now