20

838 31 0
                                    

🔥 My boyfriend is so hot 🔥

Ch - 20

1.

နေရိပ်နှင့်ကိုးသည် အခြားအချိန်များတွင် မတည့်ကြသော်လည်း အစား,စားသည့်အချိန်တွင်မူ တည့်ကြဟန်တူသည် ။ ယခုလည်း မာလာရှမ်းကောစားလိုသည်ဟု ဂျီကျနေသောကိုးနှင့် မာလာရှမ်းကောဂယက်ထနေသည် ။ ထိုသို့ဂယက်ထနေကြသော်လည်း နောက်ဆုံးတွင်မူ ကိုးက

" မင်းအိမ်သွားရအောင် အညိုရာ .... ကိတ်လုပ်ကျွေးတဲ့မာလာရှမ်းကောက ငါ့အတွက်တော့အကောင်းဆုံးပဲ "

ဟု ပြောကာ ဂယက်ကိုရပ်တံ့ရန် စကားစသည် ။ ထို့ကြောင့် ခန့် ကိုးကိုကြည့်လိုက်ပြီး

" ဒါနေရိပ်အိမ်မဟုတ်ဘူးလား ကိုကိုး "

ဟု မေးလိုက်သည် ။ ဤမေးခွန်းအဆုံးတွင် ကိုးက သဘောကျစွာရယ်၍

" ဒီကောင့်အခန်းလား ဒီလောက်သပ်ရပ်မှာ "

ပြောသည် ။ ပြီးမှ

" အညို့အိမ်က နှစ်အိမ်ကျော်မှာ "

ဟု အဖြေပြန်ပေးသည် ။

2.

နေရိပ်၏အိမ်က ကိုး၏အိမ်ကဲ့သို့ တောင်ကုန်းပေါ်တွင်ရှိနေခြင်းမဟုတ်သောကြောင့် ခြံထဲသို့ဝင်လိုက်သည်နှင့် လှပသောအိမ်ကို အရင်မြင်ရသည် ။ ကိုးက ခြံထဲတွင်စံပယ်ပင်များကိုစိုက်ထားသော်လည်း နေရိပ်ကမူ မြက်ခင်းပြင်အတိုင်းသာထားသည် ။ ရေကူးကန်အစား ဘတ်စကတ်ဘောကွင်းက သပ်ရပ်စွာနေရာယူထားသည် ။ ကိုး၏အိမ်က မှန်များကို အများဆုံးအသုံးပြုထားသော်လည်း နေရိပ်၏အိမ်ကမူ ကျွန်းသစ်များကိုများပြားစွာအသုံးပြုထားပြီး ရိုးရှင်းစွာလှပနေသည် ။ ကိုး၏အိမ်တွင် ကားဟူ၍တစ်စီးပင်မမြင်ခဲ့ရသော်လည်း နေရိပ်၏အိမ်တွင်မူ ကားအမျိုးအစားစုံလင်စွာကို သွားရည်ကျဖွယ်ရပ်ထားသည်ကိုတွေ့ရသည် ။ ခန့်က ကိုယ့်အတွေးနှင့်ကိုယ် နေရိပ်၏အိမ်ကိုငေးနေစဉ် ကိုးက

" ဘတ်စကတ်ဘောဆော့ရအောင် အညို "

ဟု ပြောကာ ဘတ်စကတ်ဘောကွင်းရှိရာဆီသို့ ပြေးသွားသည်မှာ မာလာရှမ်းကောကိုပင် မေ့သွားဟန်တူသည် ။ နေရိပ်က ဘတ်စကတ်ဘောကွင်းထဲတွင် တစ်ယောက်ထဲဘောလုံးပုတ်နေသော ကိုးကိုကြည့်၍

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now