2

2.6K 98 0
                                    

🔥 My boyfriend is so hot🔥

Ch - 2

1.

" ကိုကိုးက မင်းအစ်ကိုလား နေရိပ်ညို "

ဟူသော မေးခွန်းကို ခန့်နေဇော်က ကိုး ကားပါကင်ရှာနေစဉ်အတွင်း ကြိတ်မေးလာသောကြောင့် နေရိပ် အော်ရယ်လိုက်မိသည် ။ ပြီးမှ မျက်နှာကိုပြန်တည်လိုက်ပြီး

" သူငယ်ချင်းပါကွ ..... ငါ့ထက်ကြီးဖို့နေနေသာသာ လပိုင်းလောက်တောင်ငယ်သေးတယ် "

ဟူ၍ ပြောလိုက်သည် ။ ဤစကားကို ခန့်နေဇော်က

" ကြောက်စရာကြီးရယ် ..... မသိရင် လူဆိုးဂိုဏ်းခေါင်းဆောင်ကျနေရော "

ဟု ပြန်တုံ့ပြန်သည် ။ ခန့်နေဇော်၏ လူဆိုးဂိုဏ်းခေါင်းဆောင်ဟူသော စကားကြောင့် ဖွဖွပြုံးလိုက်မိသည် ။ ထိုထင်မြင်ချက်ကို တစ်စုံတစ်ရာပြန်ပြောရန် စဉ်းစားနေစဉ်မှာပင် ကိုးကဆိုင်ထဲဝင်လာသဖြင့် မပြောတော့ပဲ ကိုးကိုလက်ပြလိုက်သည် ။

2.

ကိုးနှင့်နေရိပ်က ရှမ်းခေါက်ဆွဲမှာပြီး ခန့်က တို့ဟူနွေးမှာသောကြောင့် အချိန်သိပ်မကြာခင်မှာပင် မှာထားသောစားစရာများက ရောက်လာသည် ။ စားစရာများရောက်လာသည်နှင့် ကိုးနှင့်မိမိက ပန်းကန်ကိုယူ၍ တန်းစားသော်လည်း နေရိပ်ကမူ မျက်စိမှိတ်၍ လက်ဖဝါးနှစ်ဖက်ကိုပူးကပ်ပြီး ဆုတောင်းဟန်ပြုကာ

" စားစရာအတွက် ကျေးဇူးတင်ပါတယ် "

ဟု ပြောသည် ။ ခရစ်ယာန်ဘာသာဝင်များကဲ့သို့မဟုတ်ပဲ တစ်မူထူးခြားနေသော နေရိပ်၏ပုံကိုကြည့်ကာ စိတ်ထဲတွင်မေးခွန်းများပေါ်လာသော်လည်း ယနေ့မှစတင်သိကျွမ်းသည့် လူတစ်ဦး၏အကြောင်းကို ဤမျှလောက်စပ်စုရန်မသင့်ဟု တွေးမိသောကြောင့် နှုတ်ဆိတ်၍သာနေလိုက်သည် ။ ထိုစဉ်မှာပင် နေရိပ်က ပန်းကန်ထဲမှအသားဖတ်များကို ကိုး၏ပန်းကန်ထဲသို့ ထည့်ပေးနေသည်ကို တွေ့ရပြန်သည် ။ ပေးသူယူသူ နှစ်ယောက်သားအဆင်ပြေနေကြသည်ကိုကြည့်၍ စိတ်ထဲမှ

" ဒီဘက်ခေတ်မှာ သူငယ်ချင်းတွေက တော်တော်သံယောဇဉ်ကြီးကြပြီး တော်တော်ကြင်နာလာကြတာပဲ "

🔥 My boyfriend is so hot 🔥(21)Dove le storie prendono vita. Scoprilo ora