15.

339 5 0
                                    

🔥 My boyfriend is so hot 🔥

Ch - 15

1.

နေရိပ် ကိုးကိုကားပေါ်တွင် နေရာချထားပေးပြီး ကိုးဘေးတွင်ဝင်ထိုင်လိုက်သည် ။ ထိုအခါ ကိုးက မပြောမဆိုနှင့် ပေါင်ပေါ်တွင်လှဲသည် ။ ရုတ်တရက်ဖြစ်သောကြောင့် လန့်သွားပြီး ကိုးကိုငုံ့ကြည့်လိုက်မိသည် ။ ကိုးက

" အညို .... ငါမင်းကြောင့်ရူးတော့မလားမသိဘူး "

ဟု ဆိုင်းမဆင့်ဘုံမဆင့် ထပြောသောကြောင့် မျက်မှောင်ကြုံ့လိုက်ပြီး

" ဖြစ်ရပြန်ပြီ .... မင်းရူးအောင် ငါကမင်းကိုဘာလုပ်လို့လဲကွ "

ဟူ၍ မေးလိုက်သည် ။

သို့သော် ...
ကိုးကပြန်မဖြေ ။

" ငါပင်ပန်းနေပြီ အညို "

ဟု ညည်းသည် ။ ယခုတလော သိသိသာသာပြောင်းလဲလာသော ကိုး၏ပုံစံများအရ ဤစကားကို ကိုးလိမ်ပြောနေခြင်းမဟုတ်မှန်းသိသည် ။ ထို့ကြောင့် ကိုး၏ဆံပင်များကို လက်ဖြင့်ဖွဖွသပ်တင်ပေးလိုက်ပြီး

" ပင်ပန်းရင် ဘာဖြစ်လို့ငါ့အပေါ်မှဘာခံစားချက်မှမရှိသလိုနေနေသေးလဲ "

ဟု မေးလိုက်သည် ။ ကိုးက

" ငါမလုပ်ချင်တဲ့အလုပ်တွေကိုလုပ်နေရတာ အရမ်းပင်ပန်းနေပြီ အညို "

ဟု အလုပ်ကိစ္စကိုသာပြောသဖြင့် သက်ပြင်းမောကို ချလိုက်မိသည် ။

2.

" အညို .... ခေါင်းကိုက်တယ် "

စိတ်ထင်ရာကို လုပ်ချင်တိုင်းလုပ်ထားပြီးမှ လေသံနှင့်လာချွဲနေသောကိုးကို နေရိပ် စိတ်ရှိတိုင်းဆိုလျှင် ထပင်မထနိုင်အောင် ရိုက်ပစ်လိုက်ချင်သော်လည်း မလုပ်ရက် ။

" အွန်း .... ငါနှိပ်ပေးမယ် .... ဒီဘက်တိုး "

ဟု ပြောကာ ကိုး၏ခေါင်းကိုမကာ ပေါင်ပေါ်တွင်ခေါင်းအုံးစေလိုက်သည် ။ ထို့နောက် နားထင်ကို ဖွဖွနှိပ်ပေးလိုက်သည် ။ ထိုသို့နှိပ်ပေးရင်း ကိုး၏နားထင်ကြောများက သိသိသာသာလှုပ်နေသဖြင့် ကိုးကိုငုံ့ကြည့်လိုက်ပြီး

" မင်းစိတ်ထင်ရာတွေလျှောက်လုပ်တာ ဒီတစ်ခါနောက်ဆုံးဖြစ်ရင်ကောင်းမယ် ကိုး "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now