Extra - 1

2K 80 1
                                    

ပြည်တို့ လက်ထပ်ပြီးထဲက ကိုကို့မိဘအိမ် ရောက်ဖြစ်တာ ရှားသည်။ ကိုကိုကတော့ တပတ်တခါလောက် ရောက်ဖြစ်ပေမယ့် ပြည့်က အခါကြီးရက်ကြီးမှာပဲ အတူတူသွားကန်တော့ဖြစ်ပြီး ကိုကို့အိမ်ရောက်ဖြစ်တာ မရှိသလောက် နည်းပါးလေသည်။

ဒီနေ့တော့ အိမ်မှာမိသားစု စုံလင်နေသည်။
စုံလင်နေပေမယ့် ရာသီဥတုသိပ်မကောင်းပါ။ ထိုင်နေရပေမယ့် စိတ်ညစ်လွန်းလို့ ချက်ချင်းကို ထပြန်ချင်နေပြီ။

နေပြည်တော်က ကိုကို့အဘွားဆုံးသွားပြီး တလအကြာမှာပဲ ကိုကို့အစ်ကိုကြီးက အမွေတောင်းလာ၏။

ကိုကိုနဲ့ နေပြည်တော်လိုက်သွားရ‌ပြီး ပြန်အလာမှာ ကိုကို့မှာ ချစ်ရတဲ့အဘွားအတွက် စိတ်ပင်ပန်းလူပင်ပန်းနဲ့ အဖျား‌‌ကြီးဖျားတော့သည်။

အဘွားအမွေကို ကိုကို့အဖေတို့ရမှာ ဆိုပေမယ့် အခု ကိုကို့အစ်ကိုကြီးက မိဘတွေရှိရက်နဲ့၊ နေကောင်းကျန်းမာနေရဲ့နဲ့ အမွေတောင်းလာသည်။

ကိုကို့ဆီ မေမေက ဖုန်းဆက်ပြောလာတာကြောင့် ကြားကြားချင်း စိတ်ဆိုးဒေါသတွေထွက်ပြီး သူ့အိမ်ကို ချက်ချင်းသွားမယ်ဆိုပြီး အခုလိုရောက်လာရခြင်းဖြစ်သည်။

" သားငယ် သဘောကရော... "

" ကျနော့်သဘော မေးစရာမလိုဘူး.. မေမေတို့ ပေးချင်ပေး.. မပေးလဲ ဘာမှမဖြစ်ဘူး... "

ကိုကို့အသံက နည်းနည်းခက်ထန်နေ၏။ ပြည့်နဲ့လဲ ရန်ဖြစ်စကားများဘူးပေမယ့် ဒီလေသံက ပြည့် တခါမှမကြားဘူးတဲ့ လေသံပင်။

" ကျနော့်သဘောကတော့ ရှင်းတယ်.. မေမေ မောင်နှမလေးယောက်ကို တန်းတူခွဲပေးပါ.. နှင်းသန့်က ငယ်သေးလို့ စိတ်မချရင် ရှေ့နေ့နဲ့ စာချုပ်စာတန်းနဲ့ ဘဏ်မှာ အပ်ထားပေး... "

" မင်း ရူးနေတာလား.. ဖေဖေရော မေမေရော အကောင်းအတိုင်း ရှိနေသေးတယ်.. မင်းက ဘာတွေငတ်ပြတ်နေလို့လဲ... "

" မင်းပြောစရာမလိုဘူး.. ငါ့ရပိုင်ခွင့် ငါတောင်းတာ.. မင်း ပိုက်ဆံရှာနိုင်ပြီဆိုတိုင်း ဘ၀င်လေဟပ်မနေနဲ့... "

ကိုကိုက သူ့အစ်ကိုမျက်နှာကို ကြည့်ပြီး တက်ခေါက်လေသည်။ ကိုကို့ဖေဖေလဲ မျက်နှာမသာမယာနဲ့ ဖြစ်နေရပြီး မေမေနဲ့နှင်းသန့်ဆို ငိုနေရှာပြီ။

GladioliWhere stories live. Discover now