Confession - 8

1.4K 78 3
                                    

Unicode

" Ideal Typeက ဘယ်လိုမျိုးလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" Ideal Typeက ဘယ်လိုမျိုးလဲ... "

Merlionရှေ့မှာရယ် Marina Baysကို နောက်ခံထားလို့ရယ်နဲ့ သူစိတ်ရှည်လက်ရှည်ရိုက်ပေးထားတဲ့ ဓာတ်ပုံလှလှလေးတွေကို ပြန်ကြည့်နေတုန်း သူမေးလာတဲ့ မေးခွန်း။

" ဟင် ideal typeလား.. အင်း Park Jinyoung ဟိ... "

(ယူဘာဘီလေး💚)

" ကိုရီးယား မင်းသားလား... "

" အင်း.. မင်းသားလဲ ဟုတ်တယ်.. အဆိုတော်လဲ ဟုတ်တယ်..."

" နည်းနည်း မများဘူးလား... "

ရယ်သံစွက်နေတဲ့ သူ့ကို ဘယ်ပုံတင်ရမလဲ ရွေးနေရင်းပဲ မျက်စောင်းထိုးလိုက်သည်။

"သူ့ကို လိုချင်တယ်ပြောတာမှ မဟုတ်တာနော်.. မရနိုင်မှန်းလဲ သိပြီးသား... "

သူလဲ Fan Girlတွေဆို အပြစ်ပဲ မြင်နေတဲ့ ယောက်ျားထုကြီးထဲကလား။

" Park Jinyoung ဒီလိုပေါင်းတာ.. ဟုတ်လား... "

ပုံတင်ဖို့ captionစဉ်းစားနေတာမို့ သူ့ကို အာရုံမရပဲ ပြီးစလွယ် အင်းပဲ ပြောလိုက်မိသည်။

Captionက 'လွမ်းနေရတော့မှာပဲ'

" Really ? ideal typeက တကယ် ဒီPark Jinyoungပေါ့... "

ဖုန်းထဲက ပုံကိုတအံတသြ ကြည့်ရင်းပြောလာတာကြောင့် သူ့ဖုန်းကို ယူကြည့်
လိုက်မိသည်။

" အာ မဟုတ်ဘူး.. ဒီ Park Jinyoung မဟုတ်ဘူး.. GOT7 အဖွဲ့ထဲက Jinyoung... "

အမလေး... သေ‌ချာရှင်းရှင်းလင်းလင်း
မပြောမိတာ ငါ့အမှား။ သူကလဲ အော်ဆိုပြီး သက်ပြင်းချသည်။

" နာမည်တူတာ.. အဲ့တာ သူတို့အဖွဲ့ရဲ့ PD
အင်း သူဌေးပေါ့.. ရှင်နားမလည်ပါဘူး.. ဘာလို့ အဲ့လောက်ကြည့်နေတာလဲ.. Fan boyလုပ်မလား... "

GladioliWhere stories live. Discover now