Extra - 2

1.9K 78 11
                                    


" ရေချိုးမှာဆို.. ချိုးပြီးမှ သွားတော့လေ... "

" မဟုတ်ဘူး.. သွားပြီးပြန်လာမှ ချိုးတော့မယ်... "

" ကိုယ်သွားယူပေးရမလား... "

" ရတယ် ကိုယ့်ဟာကိုပဲ သွားမယ်... "

" ဆိုင်ကယ်နဲ့ သွားမှာလား.. ဖြည်းဖြည်းသွား... "

" အွန်း... "

ပြည့်က သူငယ်ချင်းဆီ မှာထားတဲ့ ခေါင်းလျှော်ရည်နဲ့ ဘာဆိုလားကို ဒီနေ့လာယူမယ်ပြောထားပြီးမှ မေ့နေလို့ ညနေစောင်းမှ ကပျာကယာသွားယူဖို့ပြင်သည်။

အချိန်ပိုင်းဆရာမ‌အနေနဲ့ပဲ ကျောင်းတကျောင်းမှာ အလုပ်၀င်လုပ်နေပြီး Online Class‌တွေလဲ ရှိသေးတာကြောင့် ပြည့်မှာ အချိန်လုနေရသည်။

ဒီစာသင်နှစ်ပြီးရင် အလုပ်ခဏနားမှာဖြစ်ပြီး ကလေးလေးရောက်လာဖို့ သေချာပြင်ဆင်ရတော့မည်။

ထွက်သွားပြီး မကြာခင်အချိန်မှာပဲ ပြန်ရောက်လာ၏။ သူ့စိတ်အထင် ဆယ်မိနစ်တောင် မကြာဘူးထင်သည်။

ပြန်ရောက်လာတာနဲ့ အိပ်ရာပေါ်ခွေခွေလေး လှဲလိုက်ပြီး ကိုကိုဟု ခေါ်လာသည်။

" ဘာဖြစ်လာတာလဲ... "

" ဘာမှမဖြစ်ပါဘူး... "

" အဲ့တာဆို ရေချိုးမှာဆို သွားချိုးလေ.. ငါးနာရီထိုးတော့မယ်..."

" ချိုးပါ့မယ်.. ဆိုင်ကယ်ဘာဖြစ်သွားလဲ သွားကြည့်ပေးပါဦး... "

ခေါင်းမီးတောက်တယ်ဆိုတာ ဒါမျိုးထင်သည်။ အိပ်ရာပေါ်က အစ်မတော်ကတော့ မျက်နှာငယ်လေးနဲ့ သူ့ကို အပြစ်ပြောရင် ငိုချလိုက်တော့မယ့် ပုံစံရှ်ိသည်။

" ဆိုင်ကယ်လဲလာတာလား.. လူ ဘာဖြစ်သွားသေးလဲ... "

" ဘာမှမဖြစ်ပါဘူး... "

" ထပါဦး ကိုယ်သေချာကြည့်ဦးမယ် ဘယ်လိုဖြစ်တာလဲ... "

" သဲ မမှားဘူး.. သဲက တောင်ကနေ မြောက်ကို ကွေ့မလို့လေ.. လမ်းဆုံမှာ ရပ်ပေးဖို့ တွေးသေးတယ်.. ဒါမဲ့ အရှေ့က အနောက်လာတဲ့ ဆိုင်ကယ်တွေက ကူးကြတော့ မရပ်ပဲ လိုက်ကူးလိုက်တာ.. အဲ့မှာ ကားကလဲ ရပ်ပေးထားကို ကားဘေးကနေ အတင်းဖြတ်ကူးကြတာ.. သူ့ကို ရှောင်ရင်း လဲရော.. အနောက်က ဆိုင်ကယ်က လူကြီးက လာထူပေးတာ.. လူတွေလဲ အများကြီးဆိုတော့ ရှက်ရှက်နဲ့ မောင်းလာခဲ့တာ.. ပြီးတော့ အိမ်ရှေ့ရောက်တော့ ထပ်လဲရော... "

GladioliWhere stories live. Discover now