Now Or Never - 29

1.7K 58 2
                                    

Recommend Song
GOT7- NOW OR NEVER

Unicode

🧡🖤

ကိုကိုနဲ့ မဟုတ်ပဲ တခြားလူတယောက်နဲ့ တအိပ်ရာထဲမှာ အိပ်စက်ပြီး စောင်တထည်ကို နှစ်ယောက် အတူတူခြုံဖို့က လုံး၀ကို မဖြစ်နိုင်၊ တွေးကြည့်လို့တောင် မရနိုင်တဲ့ ကိစ္စ။

ဘယ်အချိန်ရှိပြီလဲ မသိပေမယ့် ဗိုက်ဆာလွန်းလို့ အိပ်မပျော်ပဲ နိုးလာသည်။
စာသင်ပြီးရင် ထမင်းစားမလို့ကို ကိုကိုရောက်လာတာနဲ့ မစားလိုက်ရဘူး။

အခန်းမီးရောင်ဖျော့ဖျော့အောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ နိုးသွားမှာ စိုးရိမ်တာနဲ့ တုတ်တုတ်မှ မလှုပ်ရဲ။

မျက်နှာပေါ်က ရွှေရောင်မွှေးညှင်းလေးတွေရယ် နှုတ်ခမ်းမွှေးရေးရေးရယ်နဲ့ ကိုကိုက သိပ်ကို ကြည့်လို့ကောင်းသည်။

ငေးနေရမယ့် အချိန်မဟုတ်ဘူး။

ခန္တာကိုယ်တစ်ခုလုံး သူ့ရင်ခွင်ထဲမှာ မြှုပ်နေလို့ လက်တစ်ဖက်မရမက ထုတ်ပြီး ဘေးနားက စားပွဲပေါ်က ဖုန်းကို ယူရသည်။

2:01 AM

အားးး ဗိုက်ဆာလို့ သေတော့မယ်။ ရေလဲ သောက်ချင်တယ်။ အိမ်သာလဲ သွားချင်သေးတယ်။ ငိုချင်လာပြီ။

အစားမစားရတာ အရေးမကြီးပေမယ့် အိမ်သာ‌ကတော့ သွားမှရမယ်။

ခါးကို ဖက်ထားတဲ့ ကိုကို့ဘယ်ဘက်လက်ကို အသာအယာ ဖယ်ထုတ်ပြီး ညာဘက်လက်မောင်းပေါ် ခေါင်းအုံးအိပ်နေတာကို ဖြည်းဖြည်းကြွရင်း ပြည့်ခြေထောက်ပေါ်က ကိုကို့ခြေထောက်ကို ဖယ်ရသည်။
ဖက်လုံးများမှတ်နေလား မသိဘူး... ဟွန့်။

" ပြည့်... "

" ဟင်... "

ကုတင်ပေါ်ကနေ ထပြီး အိမ်သာသွားဖို့ကို ပြည့် ဆိုတဲ့အသံကြောင့် ယောင်ယမ်းပြီး ထူးလိုက်မိ၏။

ကိုကိုက အိပ်ပျော်နေရာကနေ ယောင်ပြီး ခေါ်တာ။

ကုတင်ဘေးမှာ ပုံကျနေတဲ့ အင်္ကျီကို မြန်မြန်ကောက်၀တ်ပြီး အိမ်သာဆီပြေးရသည်။

GladioliWhere stories live. Discover now