Dye With Me - 9

1.5K 84 5
                                    

Unicode

သောကြာနေ့ညပိုင်းမှာ ထူးဆန်းစွာနဲ့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပြီးနောက်
စနေနေ့မနက်ခင်းမှာ အနှောက်အယှက်မရှိပဲ နိုးထလာခြင်းဟာ မှတ်မိသလောက်ပြောရရင် ခြောက်နှစ်အတွင်း ပထမဆုံးပဲ။

*Good Morning🙋 မနက်စာ အတူတူ သွားစားမလား 💌*

မျက်နှာမသစ်သေးပဲ အိပ်ရာဘေးက
ဖုန်းကို အရင်ကောက်ကိုင်မိလိုက်သည်။ မြင်လိုက်ရတဲ့ message‌က လန့်စရာကြီး။

သူပို့ထားတာ မနက်ခုနှစ်နာရီက။ အခုက မနက် ဆယ့်တနာရီခွဲလား။ နေ့လည်ဆယ့်တနာရီခွဲလား။

မြန်မြန်ရေချိုးခေါင်းလျှော်ပြီး နာရီကြည့်လိုက်တော့ နေ့လည်ဆယ့်နှစ်နာရီအတိ။ မနက်စာမမှီလဲ နေ့လည်စာတော့ ရတယ်မလား။

Active Nowဖြစ်နေတာမို့ ခပ်သွက်သွက်ပဲ စာပြန်ပို့လိုက်တော့သည်။

*😁 Good Afternoon*

*အခုမှ နိုးတာပေါ့😏*

*😁*

*ကိုယ်လာခေါ်မယ် အဆင်သင့်လုပ်ထား
နေ့လည်စာသွားစားရအောင်*

*ဟုတ်*

အင်္ကျီတွေကလဲ တထည်မှ အဆင်ပြေတာမရှိလိုက်တာ မိန်းကလေးဆန်ဆန်
ဂါ၀န်တထည်တောင် ရှိမနေဘူး။

ဘောင်းဘီရှိပေမဲ့ လိုက်တဲ့အင်္ကျီ တထည်မှ မရှိတာကြောင့် နောက်ဆုံးမှာတော့ မြန်မာ၀တ်စုံပဲ ထုတ်၀တ်လိုက်တော့သည်။

အိမ်ရှေ့က ကားဟွန်းသံကြားရသည်။
ရောက်နေပြီထင်တယ်။

ပိုက်ဆံအိတ်ယူ၊ ဖုန်းယူ၊ အိမ်သော့ယူပြီး အောက်ဆင်းလာခဲ့သည်။ သူကတော့ ကားတံခါးဖွင့်ပေးထားရင်း ချိုမြမြအပြုံးနဲ့ ကြိုသည်။

" ဆိုင်ကယ်လာပို့ပြီ မဟုတ်လား ... "

" ဟုတ် မနေ့ညနေကပဲ လာပို့တာ... "

အိမ်တံခါးသော့ပိတ်ပြီး အဆင်သင့် ဖွင့်ပေးထားတဲ့ ကားထဲ၀င်ထိုင်လိုက်သည်။

" အိမ်မှာ တယောက်ထဲလား... "

" ဟုတ်တယ်.. မေမေတို့က ဟိုဘက်အိမ်မှာ.. ကျွန်မတယောက်ထဲ ဒီဘက်မှာ နေတာ ကျောင်းနဲ့နီးလို့လေ.. ပြောင်းလာတာ မကြာသေးဘူး... "

GladioliWhere stories live. Discover now