Three Times A Week - 24

1.4K 69 2
                                    

" ကိုကိုရော ဟင်... "

" အာ.. ရှိတယ်ဗျ ... "

ကိုကိုတို့ ရုံးက ၀င်၀င်ချင်းညာဘက်ခြမ်းက Lobby,  ကပ်လျက်အခန်းက meeting room, ဘယ်ဘက်ခြမ်းမှာ kitchen အသေးစားလေးရယ်... နောက်ပြီးတော့ အပေါ်ထပ်ကို တက်သွားရင် သုံးယောက်ရဲ့ ရုံးခန်းရှိသည်။

အခုက ကိုလင်းရောင်ဦးနဲ့ ကိုထက်နေက lobbyမှာ ထိုင်နေကြပြီး ကိုကိုပဲ မရှိတာ။

ပျာယာခတ်သွားတဲ့ ပုံစံကြောင့် တခုခုတော့ တခုခုတော့ တခုခုမှန်း သိလိုက်၏။

" အပေါ်မှာလား.. ကျွန်မ တက်သွားလိုက်မယ်နော်... "

" ဟို ခဏ ခဏလေးပါ.. ဧည့်သည့်
နဲ့ စကားပြောနေလို့... "

အပေါ်တက်ဖို့ ဟန်ပြင်နေတဲ့ ပြည့်ကို လက်မဆွဲရုံတမယ် တားနေကြတာ။

" ဘယ်လို ဧည့်သည်မို့ ရုံးခန်းထဲထိ ခေါ်တွေ့ရတာလဲ.. Clientလား.. အဲ့တာဆို ဘာလို့ ရှင်တို့နှစ်ယောက်က ... "

" ဟို.. အောင်မြင်ဖြိုးဦး ဧည့်သည်ပါ..
နေ နေပါဦး... "

စကားဆုံးအောင် နားမထောင်ပဲ အပေါ်တက်လာခဲ့သည်။

အသက်၀၀ရှုပြီး တံခါးကို သုံးချက်ခေါက်လိုက်၏။ မမြင်သင့်တာတွေ မြင်နေမှာစိုးလို့။

ကိုကိုနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာက ပြည့် အပြင်မှာ မမြင်ဘူးပေမယ့် မြင်ဘူးနေကျ မိန်းမ။

" ကိုကို.. အော် ဧည့်သည်ရှိနေလား... "

" ပြန်တော့မှာပါ.. လာထိုင်လေ... "

ကိုကိုက ပြည့်ကို မြင်လိုက်တော့ အံ့ဩသွားသလိုနဲ့ ချက်ချင်းပဲ ပြုံးရယ်လာသည်။

" ရပါတယ်.. ဧည့်သည်နဲ့ စကား‌ဆက်ပြောလေ... "

မိတ်ဆက်ပေးဖို့ မစဉ်းစားလို့ကတော့ အတွေ့ပဲ။

" ကိုယ် မိတ်ဆက်ပေးမယ်.. လာ"

ထိုင်ရာကနေ ပြည့်ရပ်နေတဲ့ အခန်းတံခါးနားထိ လျှောက်လာပြီး ပြည့်လက်ကိုဆွဲကာ ထိုင်ခုံမှာ ပြန်ထိုင်သည်။

" ဒါ ကျနော့်ကောင်မလေးလေ.. Singaporeမှာတုန်းက ဓာတ်ပုံပြဘူးတယ် ထင်တယ်... "

GladioliWhere stories live. Discover now