" သက်သာရဲ့လား.. အဖျားမရှိတော့ပါဘူး... "
ချောင်(ဂျောင်)ကျတဲ့ စားပွဲဝိုင်းတဝိုင်းမှာ တယောက်ထဲ ထိုင်နေတဲ့ ပြည့်ကို စိတ်မချလို့ ကိုကို့မှာ ခဏခဏလာကြည့်နေရသည်။
" ရပါတယ်.. ကိုကိုသာ ဧည့်သည့်တွေကို သေချာဧည့်ခံပါ... "
" အိမ်ပြန်မလားဟင်.. မင်းမေမေတို့အိမ်ဖြစ်ဖြစ်.. အိမ်မှာ ဘယ်သူမှမရှိတော့ တယောက်ထဲ ထားခဲ့ရမှာ စိတ်မချဘူး..
ကိုယ်ပါ ပြန်လိုက်ခဲ့မယ်လေ... "" ရပါတယ်ဆို.. ကိုကို စကားတွေ လာပြောမှ ခေါင်းကိုက်လာပြီ.. ခဏနေ နွေးလဲ လာတော့မှာ... "
" ဘယ်မှမသွားနဲ့ ထိုင်နေနော်.. ကိုယ်ပြန်လာမယ်... "
" အင်းပါ.. ကိုကို လုပ်စရာရှိတာ အေးဆေးလုပ်နော်... "
ကိုကို့မှာ စိတ်မချသလိုနဲ့ တော်တော်နဲ့ မသွားနိုင်ဖြစ်နေရတာမို့ နောက်ထပ်တကြိမ်တိုက်တွန်းရပြန်သည်။
" သွားပါ.. အဆင်ပြေပါတယ်ဆို... "
ကိုထက်နေက လာခေါ်တာကြောင့် ကိုကို့မှာ မလိုက်ချင်လိုက်ချင် ပါသွားရှာ၏။
မနေ့က မနက်ပိုင်းမှာ ကိုကိုနဲ့ အပြင်သွားရင်း ခြေထောက်မှာ ဆိုင်ကယ်နံပါတ်ပြားရှလာခဲ့တာ။ ကိုကို ဆေးထည့်ပေးပေမယ့် ညနေပိုင်းမှာ အနာရှိန်နဲ့ ဖျားတော့သည်။
ဆေးခန်းမသွားချင်ဘူး ပြောတာကြောင့် ကိုကိုက သူကိုယ်တိုင် ဆေးထိုးပေးမယ် ပြောလာသည်။
ဆေးမထိုးချင်လို့ ဆေးခန်းမသွားတာကို။
မနက်အစောပိုင်းမှ ကိုယ်ပူကျပြီး နည်းနည်းသက်သာလာသည်။
ပြည့်က ဖွင့်ပွဲကို မလိုက်တော့ဘူး ပြောလိုက်တာကြောင့် ကိုကိုက သူပါ မသွားတော့ဘူး လုပ်နေလို့ မနည်းဖျောင့်ဖျပြောရသေး၏။
ပွဲထဲမှာလဲ ဧည့်သည်တွေကို သေချာမကြည့်အားပဲ ပြည့်ဘေးနားပဲ ခဏခဏ ရောက်လာတက်သည်။
" ဘာတွေ စဉ်းစားနေတာလဲ... "
" အင်း ရောက်ပြီလား... "
နွေးက Dimsumပူပူလေးနဲ့ Coffeeတခွက်ယူလာရင်း ဘေးမှာလာထိုင်သည်။
" Dimsumစားချင်တယ်... "
YOU ARE READING
Gladioli
RomantikNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020