Unicode
" ကိုကို အိမ်ပြန်သင့်ပြီ..."
မနက်ထဲက ဝေ့လည်ဝေ့လည်နဲ့ အခန်းထဲ ၀င်လာလိုက် ပြန်ထွက်သွားလိုက်။ နေ့လည်စာ စားတော့လဲ ထမင်းသေချာမစားဘူး။ ပြောစရာရှိလို့လား ဆိုတော့လဲ ရာ်ပြပြီး ပါးစပ်ကမဖြေပဲ ခေါင်းခါပြသည်။
အခု ညနေပိုင်းမှ အိမ်ပြန်သင့်ပြီတဲ့။
" ဘာလို့လဲ..."
" ဘာကိုဘာလို့ရမှာပဲ.. ကိုယ့်အိမ်ကိုပြန်တာ ပြန်သင့်တာပဲကို... "
" ဘယ်သူက ဘာပြောလို့လဲ... "
ဖတ်လက်စ စာအုပ်ကို စားပွဲပစ်တင်လိုက်ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
" မပြောပါဘူး.. သဲက သူများပြောတိုင်း နားယောင်တက်တဲ့သူ မဟုတ်ပါဘူး... "
လက်ကာပြကာ ဘယ်သူမှမပြောတဲ့ အကြောင်း မျက်လုံး အဝိုင်းသားနဲ့ ရှင်းပြလာသည်။
" ဟို.. ကိုကို့အိမ်ကလဲ ကြိုက်မှာမဟုတ်ဘူးလေ.. သဲက သူတို့သားကို အပိုင်သိမ်းထားသလိုများ ဖြစ်နေလားလို့... "
" မဖြစ်ပါဘူး... "
" ဒါပေမယ့်... မကောင်းဘူးလေ... "
" ဘယ်လိုမကောင်းတာလဲ... "
မဖြေနိုင်ပဲ စိတ်ရှုပ်လာတဲ့ ပုံစံနဲ့ သက်ပြင်းသာ ချတော့သည်။
" ပြည့်တောင် မောင်လေးနှစ်ယောက်နဲ့ မတည့်အတူနေဆိုပေမယ့် တကယ်တမ်း သူတို့ရည်းစားရသွားရင် ငိုမိမယ် ထင်တယ်.. ကိုကို့မေမေလဲ သူ့သားသူ နှမြောမှာပေါ့... "
" အဲ့တာ ကိုယ်နဲ့ဘာဆိုင်လဲ... "
" ကိုကိုကလဲ... ကိုကို့မေမေက ပြည့်ကို သဘောကျတာ မဟုတ်ဘူးလေ.. ပြီးတော့ ပြည့်မေမေကလဲ မကြိုက်ဘူး.. ပြီးတော့ မကောင်းဘူးလေ... "
စကားမဆက်ချင်တော့သလို ခေါင်းငုံ့နေပြန်သည်။
" ဟုတ်ပြီ... ကိုယ်နားလည်ပြီ အဲ့တာဆို ကိုယ် အိမ်ပြန်မယ် ဟုတ်ပြီလား.. မနက်မှ ပြန်ရင် ရတယ်မလား.. သိမ်းစရာရှိတာ သိမ်းရဦးမယ်လေ... "
လိုချင်တာ ရသွားတဲ့ ကလေးတစ်ယောက်လို ပျော်ရွှင်သွားတဲ့ မျက်နှာက အထင်းသား။
YOU ARE READING
Gladioli
RomanceNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020