Extra - 4

1.3K 45 8
                                    

အိမ်မက်ဆိုးနဲ့အတူ အိပ်ရာကလန့်နိုးလာချိန်မှာ ပြည့်က အနားမှာရှိမနေတော့ ပိုဆိုးသွားရသည်။ အခန်းမီးဖွင့်ထားတာကြောင့် ပြည့် မအိပ်သေးဘူးထင်ပြီး ခေါ်လိုက်သည်။ ပြန်ထူးသံမကြားရ။

ခဏ...။ အခုက ဘယ်နေရာမှာလဲ။
ကျိုက်ထီးရိုးဘုရားမှာ။ တည်းခိုခန်းမှာ။ အချိန်က ညဆယ့်နှစ်နာရီကျော်နေပြီ။

" သဲ.. စုပြည့်... "

အခန်းထဲမှာ မရှိ။ အရူးတပိုင်းနဲ့ အခန်းအပြင်ဘက် ပြေးထွက်သွားမိသည်။ အနွေးထည်၀တ်ထားပေမယ့် အအေးဓာတ်က အရိုးထဲအထိ စိမ့်အေးနေ၏။

တိုက်ခတ်သွားတဲ့ လေအေးက သူ့စိတ်သူ ပြန်ထိန်းပါဦးလို့ အသိပေးလိုက်သလိုလို။ စိတ်ငြိမ်အောင် ပြန်ထိန်းပြီး အရင်ဆုံး ဖုန်းကို လိုက်ရှာရသည်။ ပြည့်က မပြောမဆိုနဲ့ ဘယ်မှသွားမှာမဟုတ်ပါဘူး။

ဖုန်းက ချက်ချင်းရှာလို့မတွေ့ပါ။ လူကပျာယာခတ်နေတော့ စောင်ကြားထဲမှာ လုံးထွေးနေပြီး ရှာလေပျောက်လေ ဖြစ်နေသည်။

ရှာတွေ့တာနဲ့ ချက်ချင်းပဲ ပြည့်ဆီ ဖုန်းခေါ်လိုက်၏။ ဖုန်း၀င်သွားပေမယ့် ဖြေဆိုမဲ့သူမရှိပြန်။ ဒီအပူမီးတောက်က  ပြင်းထန်လွန်းလှသည်။

အိပ်ရာပေါ် ပြန်ထိုင်ရင်း အခြေအနေကို သေချာပြန်ဆန်းစစ်ရ၏။

သူ အစိုးရိမ်လွန်နေတာ။
ဖြစ်နိုင်ချေရှိတာကို အရင်စဉ်းစား။
ဘာကိုမှ စိတ်လိုက်မာန်ပါနဲ့ မဆုံးဖြတ်နဲ့။

ရုတ်တရက်ဆိုသလို ခုတင်အောက်မှာ ‌ပြုတ်ကျနေတဲ့ စာရွက်တရွက်ကို တွေ့လိုက်ရ၏။

သက်ပြင်းတချက်ရှိုက်လိုက်ပြီး စာရွက်ကိုကောက်ယူလိုက်သည်။

ပြည့်ရဲ့ ဆရာမလက်ရေးတွေက သိပ်ကို လှပလွန်းသည်။ ဆရာမက သူနဲ့ စကားပြောရင်သာ Englishလို မပြောပေမဲ့ Messageပို့ရင် Englishလို့သာ ပို့တက်သည်။ စာဖတ်မကြည့်ရသေးပေမယ့် အတော်လေး စိတ်သက်သာရလေပြီ။

ကိုကို.. ပြည့်ဘယ်မှမသွားဘူး.. ဘုရားကန်တော့ပြီး ပဌာန်းရွတ်ချင်လို့ပါ။ ဖုန်းယူသွားပေမယ့် silentလုပ်ထားတယ်။ အရမ်းစိတ်မပူနဲ့နော်၊ လိုက်လာရင်လဲ အနွေးထည်ထူထဲတာ ၀တ်ပြီးမှ လာခဲ့နော်။ ကိုကို့ကို မနှိုးဘူးဆိုတာက ကိုကိုပင်ပန်းနေလို့ အိပ်ရေး၀စေချင်လို့ပါ။

GladioliWhere stories live. Discover now