Seeking - 4

1.7K 86 3
                                    

Unicode

" စကားပြောဖို့ အဆင်မပြေဘူးမလား... "

" ရှင် ! "

" အလုပ်ချိန်ကြီးလေ ခင်ဗျားရဲ့.. စကားအကြာကြီးပြောလို့ မရဘူးမလား... "

သိရဲ့သားနဲ့။ ဘာခင်ဗျားရဲ့လဲ။

" အင်း ဟုတ်တယ်... "

မျက်နှာရှေ့ကျနေတဲ့ အဲ့ဆံပင်ကို လက်နဲ့ သပ် မတင်ပါနဲ့လား။ တကယ်ပဲ ရှင်ဘာဖြစ်ချင်နေတာလဲ။

"Vအဟင်း.. ကျနော် ခင်ဗျားကို မပေးလိုက်ရတဲ့ ဓာတ်ပုံတွေရှ်ိသေးတယ်... "

" ဟုတ်လား အခုကူးပေးမလား... "

" ရတယ်လေ ကူးပေးမယ်"

ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ဖုန်းကို ချက်ခြင်းထုတ်လိုက်သည်။ ရှင်ဟာလေ ပြောလို့မရဘူး ပြီးရင် နောက်ထပ် ထပ်ပျောက်သွားဦးမှာပဲမလား။

" အခုတော့ မကူးတော့ဘူးနော်.. ခဏနေ ဆရာမတွေရော ကလေးတွေရော လာတော့မှာ.. နောက်မှပဲ..."

" အင်း အဲ့တာဆို နောက်မှပဲလေ သွားပြီ... "

ဘောင်းဘီအိတ်ထဲ ပြန်ထည့်ပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုးလိုက်သည်။

" Fighting.. ဒီနေ့တနေ့တာလုံးအတွက်..."

" ကျေးဇူး... "

အင်း... ‌ရှင့်ကျေးဇူးကြောင့် တနေကုန် အတွေးများနေရပြီ။

.
.

Aung Myin Phyo Oo sent you a friend request.

လက်ခံရမလား လက်မခံရဘူးလား စဉ်းစားရင်းနဲ့ လက်ခံဖြစ်သွားသည်။ Confirmမဲ့ အချိန်ကိုဘယ်ချိန်ထဲ စောင့်နေတာလဲ မသိ။ ချက်ချင်းလာ Hi လာ၏။

' Hi မစုပြည့်စုံလင်း... '

' ရှင် ကျမAccountကို ဘယ်လိုလုပ် ရှာတွေ့တာလဲ ' ခပ်သွက်သွက်ပဲ စာရိုက်လိုက်သည်။

' Can I call you... ?'

' အင်း...'

" ဘာလဲ လည်ချောင်းရှင်းနေရလို့ Reply ကြာတာလား.. ဒါမှမဟုတ် ရေသောက်နေလို့လား... "

ရှင်ပဲ သိ။

" ဖြေပါ မေးတာပဲဖြေ... "

ရယ်လိုက်တယ်ထင်တယ်။ အင်း... ဘယ်လိုပြောရမလဲ နှာခေါင်းနေ လေထွက်တဲ့ အသံကြားလိုက်ရတယ်။ ဘယ်လိုရှင်းပြရမလဲ။

GladioliDär berättelser lever. Upptäck nu