So, it's me again? - 15

1.3K 65 5
                                    

Recommend Song
GOT7 - The End (끝)

Unicode

" ကိုအောင်မြင်ဖြိုးဦး အမေက အခုမှ ဘယ်လိုဖြစ်တာလဲ... "

" ညီမလေးလဲ သေချာမသိဘူး.. နှင်းသန့်ပြောတာ အိမ်မှာ ပြဿနာအကြီးအကျယ် တက်သွားတယ်တဲ့... "

" ပြည့် မသိသေးတာ ကောင်းမယ်..."

ညီမလေးက ကျောင်းကအပြန် အ၀တ်အစားတောင်မလဲနိုင်ပဲ အကြောင်းစုံပြောလာသည်။

နှင်းသန့်က ပြောပြတယ်ဆိုတာ ပြည့်ကို သိစေချင်လို့လား။ လောလောဆယ်တော့ မသိသေးတာ ကောင်းမယ်ထင်တယ်။

.
.

.

" ပြည့် ဘာလုပ်နေလဲ... "

" ခဏလေး ငါ အငယ်ကောင်ဆီ သွားလိုက်ဦးမယ် ထိုင်ဦး... "

အငယ်လေးက မနေ့ကပဲ ဆေးရုံကဆင်းလာပြီ။ ခဏနေတော့ ပြည့်လဲ အာလူးကြော်ထုပ်တွေ ကော်ဖီဘူးတွေ တပွေ့တပိုက်နဲ့ နွေးအနား သွားထိုင်လိုက်သည်။

" နင် ကျောင်းကရော ခွင့်ရရဲ့လား... "

" အင်း ထွက်လိုက်ပြီ..."

" ဟင်..."

အာလူးကြော် အဝါးမပျက်၊ မျက်လုံးက ဖုန်းကြည့်မပျက်ပဲ ပြန်ဖြေလိုက်သည်။

" ဟဲ့ နင် ရူးနေတာလား.. ငါ့ကိုလဲ မတိုင်ပင်ဘူး... "

" Sorry.. ငါ သေချာစဉ်းစားပြီးမှ ထွက်ခဲ့တာပါ.. ဘယ်သူ့မှ မတိုင်ပင်ဘူးဆိုတာက ငါ အတွေးများမှာဆိုးလို့ ..."

" ကိုအောင်မြင်ဦးရော.. သိလား"

ဟိုတနေ့က ချစ်ပါတယ် ၀န်ခံပြီးထဲက ဒီနေ့ထိ မတွေ့ရသေးဘူး။ ပြည့်လဲ မောင်လေးအတွက်နဲ့ မအားတာနဲ့ ဖုန်းမခေါ်မိ။

" မပြောရသေးဘူး.. မတွေ့တာ သုံးလေးရက်ရှိပြီ... "

" ပြည့်.. ဟို ငါ မေးတာကို.. စိတ်မဆိုးနဲ့နော်... "

"မေးလေ... "

နွေးဟာ ဒီလိုတွေ စကားပလ္လင်ခံနေထဲက မကောင်းတဲ့ကိစ္စလို့ သိလိုက်သည်။

" တကယ်လို့ပေါ့နော် တကယ်လို့.. တကယ်လို့များ သူ့အိမ်က.. နင်နဲ့ သဘောမတူဘူးဆို ဘယ်လိုလုပ်မလဲ... "

GladioliWhere stories live. Discover now