Breeze - 22

1.4K 67 2
                                    

Recommend Song
Red Velvet - Psycho

.
.
.
.
.


မနက်နိုးလာတော့ ဘေးနားမှာ ကိုကိုမရှိပါ။ ကွက်လပ်က အေးစက်နေတာမို့ ထသွားတာ ကြာပြီထင်သည်။

" မမ မနက်စာ လာစား... "

" ကိုကိုရော... "

အခုမှ အိပ်မှုန်စုတ်ဖွား မျက်နှာသစ်ပြီး ထမင်းစားပွဲမှာ လာထိုင်နေတာ။

" အလုပ်သွားပြီလေ.. နာရီကြည့်ဦး.. ဘယ်ချိန်ရှ်ိပြီလဲ... "

" ဘယ်နှစ်နာရီ ရှိရှိလေ ငါကိုမနှိုးပဲ အလုပ်သွားတာ ဖြစ်သင့်လား... "

" ဖြစ်သင့်တာပေါ့.. စားစရာရှိတာစား.. ဘယ်နှယ့်အကြီးဖြစ်ပြီး အငယ်က မနက်စာ ပြင်ပေးရတယ်... "

" နားငြီးလိုက်တာ.. နင် သွားစရာရှ်ိတာ သွားတော့... "

" မနက်ဖြန် သားမွေးနေ့ ... "

" သိတယ် ညနေကျရင် ငါဈေးသွားမှာ နင်ပါလိုက်ခဲ့.. မနက်ဖြန်မနက်ကျ အစောကြီးထ ဆွမ်းလောင်းရအောင်.. Birthday Partyဘာညာ လုပ်ဖို့တော့ မစဉ်းစားနဲ့နော်... "

" မုန့်ဖိုးပေး.. သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးရမှာ... "

လိုချင်တာရှိတော့ မျက်နှာငယ်လေးနဲ့။

" အိမ်ခေါ်ခဲ့လေ.. စားချင်တာ မှာစားကြ... "

" ဆိုင်ကို bookingလုပ်ပြီးသား... "

" ဖျက်လိုက်... "

ငယ်လေးနဲ့ပြည့်က အသက်ကိုးနှစ်နီးပါးကွာသည်။ အခုမှ ဆယ်တန်းပြီးကာစ တက်ကြွနေတဲ့ အရွယ်မှန်းသိပေမယ့် လွတ်လပ်စွာ ပျံသန်းခွင့်တော့ မပေးနိုင်သေးဘူး။

အပေါင်းအသင်းမှားမှာလဲ စိုးရိမ်ရသေးသည်။

နေပါဦး။ အခုပဲ ဆယ့်တနာရီထိုးတော့မှာကို ကိုကိုက ဘာလို့ဖုန်းမဆက်သေးတာလဲ။

အော် အလုပ်ရှုပ်နေလို့ နေမှာပါ။ ငါ့ကောင်လေးက အလုပ်ကြိုးစားနေတာကို မနှောင့်ယှက်တော့ပါဘူး။

နွေးက ဖုန်းဆက်လာတာကြောင့် မနက်စာနဲ့နေ့လည်စာ ပေါင်းစားနေရင်း ဖုန်းပြန်ဖြေလိုက်သည်။

GladioliWhere stories live. Discover now