You're Mine - 16

1.5K 74 4
                                    

Recommend Song
TWICE - MORE & MORE

Unicode


" ဟိုလေ ကိုကို.. ကိုထက်နေတို့ အိမ်မှာရှိလားဟင်... "

တညနေလုံး ခေါင်းပူအောင် စဉ်းစားပြီးနောက် ဖုန်းဆက်မဲ့အတွေးကို အကောင်အထည်ဖော်သည်။

ကိုကို့ဆီမဟုတ်ပဲ ကိုကို့သူငယ်ချင်းဆီကို။ အိမ်နဲ့စိတ်ဆိုးနေတာဆိုတော့ သေချာပေါက်သူငယ်ချင်းအိမ်မှာ ရှိနေမှာ။

" ကျနော့်အိမ်မှာ မရှိဘူးဗျ..."

" ဟင် ဟုတ်လား.. ကိုလင်းရောင်အိမ်လဲ မလာဘူးတဲ့... "

" သူ့ဖုန်းကို ဆက်ကြည့်လေ... "

" အး်ကို ဆက်ပေးပါလားဟင်.. ပြည့် ‌မဆက်ရဲလို့..."

" အိုကေ အိုကေ... "

စိတ်လှုပ်ရှားနေတာမို့ ထိုင်လိုက် ထလိုက်
အခန်းထဲ ပြန်၀င်လိုက် ပြန်ထွက်လိုက်နဲ့။

" ကျနော့်ဖုန်းကို မကိုင်ဘူးဗျ.. အလင်းဖုန်းလဲ မကိုင်ဘူး လိုင်းပေါ်တော့ရှိတယ်... "

" ဟုတ် ဟုတ် ကျေးဇူးပါနော်.. ပြည့်ဘာသာပဲ ခေါ်လိုက်ပါမယ်"

Contact nameက 💚AMPO💚မဟုတ်တော့ဘူး။ 💚Mine💚

" ဘာလဲ... "

အယ် ချက်ချင်းကိုင်တယ်တော့။

" ကိုထက်နေတို့ ဖုန်းဆက်တာ ဘာလို့မကိုင်တာလဲ... "

" . . . "

" ကိုကို... "

ကိုကိုဘက်က အသက်ရှုသံတောင် မကြားရပဲ တိတ်ဆိတ်နေ၏။ ပြည့်မှာ ဘာပြောလို့မှန်းမသိ ကိုကိုနဲ့ သေချာပေါက်ပြေလည်မည်ဟု ယုံကြည်ချက်တွေက ခိုင်မာနေလေသည်။

" ကိုကိုလို့... "

ဧည့်ခန်းမှာ ဖုန်းပြောနေတာမို့
အငယ်နှစ်ယောက်က မျက်စောင်းတွေထိုးနေတော့ အခန်းထဲ၀င်ပြေးရသည်။

" ဘာကိစ္စလဲ..."

" လွမ်းလို့... "

" ငါ မင်းကို တကယ်စိတ်ပျက်သွားလိမ့်မယ် သိလား.. မဆိုင်တဲ့စကားတွေ မပြောစမ်းနဲ့"

GladioliWhere stories live. Discover now