" တခုခုသွားစားရအောင်လေ ... "
စားပွဲပေါ်က ဆင်းလိုက်ပြီး သူမဘေးနားမှာ ၀င်ထိုင်လိုက်သည်။
" အခုမှ စားပြီးတာ ထပ်စားဦးမှာလား... "
" အာ အခု မဟုတ်ဘူးလေ ညနေ ညနေမှ ... "
" တော်ပြီ.. အပြင်မထွက်ချင်တော့ဘူး.. ခဏနေ ပြန်တော့မယ်... "
" အင်း အဲ့တာဆို အခုဘာလုပ်ကြမလဲ.. ခဏနေရင်ပြန်မှာဆို... "
"ဘာ ဘာလုပ်ရမှာလဲ... "
ပခုံးချင်းထိလုရက်သား အခြေအနေကို သိသ်ိသာသာ ရှောင်ရှားလိုက်သည်။
ဆံပင်တွေကို သပ်တင်ရင်း မေးလာတော့ ပြည့်မှာ ယောင်ချာချာနဲ့ ဖြစ်ရပြန်၏။
" ခဏနေ ကိုယ့်သူငယ်ချင်းဆီသွားရမှာ လိုက်ခဲ့မလား.. ဒါမှမဟုတ် ဟိုတယ်ကို လိုက်ပို့ရမလား... "
ဟိုတယ်ပြန်ဖို့တော့ ကြောက်နေသေးသည်။
" ဟင် လို့ မင်းက ဒီကိုဘာလို့လာတာလဲ.. လျှောက်လည်ဖို့ဆိုပြီး ဘယ်မှသွားတာလဲ မမြင်ဘူး... "
" သူငယ်ချင်းတယောက် ဘွဲ့ယူတာကို လာဂုဏ်ပြုပေးတာ.. အစက သူငယ်ချင်းတွေ အတူတူလာဖို့ပဲ.. သူတို့က မလိုက်ဖြစ်တော့ ကျွန်မတစ်ယောက်ထဲ လာရတာလေ
ပြန်ရင်လဲ.. အဲ့သူငယ်ချင်းနဲ့ အတူတူပြန်ရမှာ အခု သူကကိစ္စရှိသေးလို့ ကျွန်မနဲ့ နေပေးဖို့ အဆင်မပြေလို့ တယောက်ထဲ ဖြစ်နေတာ... "ရှည်လျားစွာ ရှင်းပြမိခြင်းဟာ နည်းနည်းလေးမှ သံသယမ၀င်စေလို။ အမျက်တော် မရှစေလို။
" ဟုတ်လား ကိုယ်နဲ့တွေ့တာ ကံကောင်းသွားတာပေါ့... "
" သွားစရာရှိရင် သွားလေ... "
" အင်း အဲ့တာဆို ခဏသွားလိုက်မယ်.. မကြာဘူး ပြန်ချင်ရင် တခါထဲ လိုက်ပို့ပေးမယ်... "
" ရပါတယ် ကိုယ့်ဘာသာ ပြန်လိုက်မယ်..
အပြင်မှာ အကြာကြီးမနေနဲ့ဦး ပြန်ဖျားမယ်... "ဟိုတယ်ပြန်ရောက်တော့ အခန်းထဲမ၀င်သေးပဲ lobbyမှာ အချိန်ဖြုန်းနေလိုက်သည်။
ညစာစား ဘုရားရှစ်ခိုးပြီး အိပ်ရာထဲမှာ တမနက်လုံး အလုပ်များခဲ့တဲ့အကြောင်း ပြန်တွေးတော့ လွမ်းသွားသည်။
YOU ARE READING
Gladioli
RomanceNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020