Be In Love - 28

1.7K 62 3
                                    


Warning : အသက် (၁၆)နှစ် မပြည့်သေးသူများ ဖတ်ရှုရန်သင့်တော်ပါ

.
.
.

ပထမဆုံးရက်မှာတင် အာပေါက်မတက် စာသင်လိုက်ရတာမို့ တော်တော်ကို ပင်ပန်းသွားပြီ။

သက်သာသလိုနေခဲ့တာ အချိန်ကြာခဲ့ပြီ။ပင်ပန်းတဲ့ အလေ့အကျင့်မရှိတော့တာကြောင့် အရမပင်ပန်းတာပဲ။

ညစာစားပြီးနောက် အိမ်ရှေ့မှာ မောင်နှမသုံးယောက် ရန်ဖြစ်နေကြသည်။ စကားပြောတာ မဟုတ်ဘူး၊ ရန်ဖြစ်တာ။

" ငယ်လေး.. နင် ငါ့ကို မခန့်လေးစားလုပ်တာ များပြီနော်... "

" လုပ်တော့ ဘာဖြစ်လဲ... "

" ကြည့် ကြည့်.. ငါလုပ်လိုက်ရ သေချင်လို့... "

" လုပ်ကြည့်ပါလား.. မေမေနဲ့ တိုင်မှာပေါ့... "

မျက်နှာပေးကအစ လုံး၀မခန့်လေးစားနဲ့။

" နင့်အမေကလဲ ငါ့အမေပဲ.. လာမကျယ်နဲ့... "

" ကျယ်တယ်ဗျာ.. နားညီးတယ်... "

" ငါက ပိုနားညီးတယ်ဟဲ့... "

" နားညီးရင် ဒီနားမလာနဲ့.. ကိုယ့်အခန်းထဲကို သွား... "

အေး။
အဲ့ဂိမ်းပဲ ဆဲလိုက် ဆော့လိုက်ကြ။

ရေခဲသေတ္တာထဲက သူ့Colaဘူးကို ယူသောက်မိလို့ ပြဿနာရှာပြီး မခန့်လေးစားတွေ လာပြောနေတာ။

" အခန်းထဲ မ၀င်ခင်.. Cola ပြန်၀ယ်ပေးဦး... "

" မ၀ယ်ဘူး.. နင့်ဟာနင်သွား"

အကြီးကောင်ကပါ သူ့ညီဘက်က။

" မမက ကလေးဟာလဲ ယူသောက်သေးတယ်.. ပြန်၀ယ်ပေးလိုက်လေ.. ကလေးကို ညကြီး အပြင်မထွက်ခိုင်းပါနဲ့"

" နင် သွားလေ.. နင်သွားလိုက်... "

ညရှစ်နာရီကျော်နေပြီ မှောင်နေပြီကို ငါ့ကိုကျ တယောက်ထဲ အပြင်ထွက်ခိုင်းတယ်ပေါ့။ မြန်မြန်ကို ယောက်ျားယူပစ်ဦးမှာ။

GladioliWhere stories live. Discover now