Unicode
" အားးး.. ချစ်လိုက်တာ.. ချစ်လွန်းလို့ ရူးတော့မှာပဲ... "
" ငြိမ်ငြိမ်ကြည့်ကွာ.. အဲ့လောက် ခုန်ပေါက်နေစရာ လိုလို့လား... "
Liveကို ငြိမ်ငြိမ်မကြည့်ပဲ အိပ်ရာပေါ်မှာ ခုန်ပေါက်နေသည်။ အမြင်ကပ်လာလို့ ပြောတော့လဲ ပြောတဲ့သူကို နည်းနည်းမှ အရေးမလုပ်။
မမြင်ချင်တာတွေ မမြင်ရဖို့ အိပ်ခန်းနဲ့ကပ်ရပ်က အလုပ်ခန်းထဲ လာထိုင်နေလိုက်သည်။ အခန်းထဲမှာလဲ ရှုပ်ပွနေ၏။
အခန်းထဲ တံမြက်စည်းလှဲ၊သန့်ရှင်းရေးလုပ်ပြီး ခဏထိုင်ဖို့ကြံတုန်း ကိုကိုဆိုပြီး ခေါ်သံကြားရသည်။
" ၀င်လာလေ.. ဘာလို့အပေါက်၀ ရပ်နေတာလဲ... "
" လက်မောင်းအောင့်တယ်... "
" အောင့်မှာပေါ့.. ဒီဖုန်းပဲ အလုပ်လုပ်နေတာကို... "
" နှိပ်ပေး... ဇက်ကြောတက်လို့... "
မျက်နှာငယ်လေးနဲ့ ပေါင်ပေါ်လာထိုင်သည်။
" အေး.. မျက်လုံးအညောင်းခံ.. လက်အညောင်းခံပြီး သူ့ဟာတွေကြည့်.. ကြည့်ပြီးရင် ယောက်ျားကို လာနှိပ်ခိုင်းနော်... "
" ကိုကိုကလဲ.. မချစ်တော့ဘူးလား... "
" မချစ်တော့ဘူး... "
ပေါင်ပေါ်ထိုင်နေရာကနေ မတ်တပ်ရပ်ပြီး ငိုမဲ့မဲ့ မျက်နှာလေးနဲ့။
လက်ထပ်ပြီးတာ ငါးလတိတိရှိသွားပြီ။
တခြားထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိပေမယ့် အရင်ကထက် ပိုချွဲလာသည်။စကားအမှားမခံပဲ ခဏခဏ စိတ်ဆိုး စိတ်ကောက်သည်။ သူရုံးသွားချိန်ကလွဲပြီး အိမ်မှာရှိနေတဲ့ အချိန်ဆို အနားမှာပဲ ကပ်နေသည်။
" အိပ်ချင်ပြီ... "
" ကိုယ် အလုပ်လုပ်ရဦးမယ်... "
" ဟာ.. မရပါဘူး.. ကိုကိုလဲ အိပ်တော့... "
" ကဲ.. မင်း အိပ်ပျော်သွားမှပဲ ကိုယ်အလုပ်ပြန်လုပ်တော့မယ်.. လာ.. သွားအိပ်မယ်... "
" မရပါဘူး.. ကိုကိုအရင်အိပ်ပျော်မှ ပြည့်အိပ်မှာ... "
ဒီချစ်စရာလေးကို အပြစ်မမြင်နိုင်တဲ့ အောင်မြင်ဖြိုးဦးတော့ ရှေ့လျှောက် ပင်ပန်းဦးမှာပဲ။
BINABASA MO ANG
Gladioli
RomanceNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020