About New Fiction

1K 42 7
                                    

(စာအရှည်ကြီး ပြန်publishဖို့ မေ့နေလို့😁)

Zillion (အနန္တ)

Zillionကို စာဖတ်သူတချို့ကတော့ ဖတ်ရှုပြီးလောက်ပြီပေါ့နော််။ Gladioliကို အရင်ဦးဆုံး ဖတ်ရှုဖြစ်ကြပြီးမှ ကျန်တဲ့နှစ်ပုဒ်ကို ရောက်လာတဲ့သူတွေ တော်တော်များပါတယ်။ အဲ့တာကြောင့် Extraနဲ့အတူ New Fictionကို ဒီမှာလာမိတ်ဆက်ပေးတာပါ။

Zillionက ဘယ်လိုအကြောင်းအရာမျိုးလဲ အရင်ရှင်းပြပါရစေ။

လက်တွေ့မှာ တကယ်မရှိပဲ ကျွန်မဖန်တီးထားတဲ့ Fantasy Worldပဲ ဖြစ်ပါတယ်။ Worldထက် Universeဆို ပိုမှန်လောက်ပါတယ်။ သို့ပေမယ့် တာ၀န်ကြီးတယ်လို့ ခံစားရတာကြောင့် Universeလို့ မသုံးနှုန်းတော့ပါဘူး။

စိတ်ကူးယဉ်သက်သက်ဆိုပေမယ့် ကျွန်မက ယုတ္တိဆန်‌တာကို သဘောကျပါတယ်။ လက်တွေ့ကျတာ၊ ဖြစ်နိုင်တာကို ထည့်သွင်းရေးသားမှာပါ။ အတင်းကြီး လုပ်ယူတာမျိုး မဟုတ်ပါဘူး။

နောက်တခုက ကျွန်မပြောပြထားဘူးသလိုပဲ ဗီလိန်ဇာတ်ကောင်တွေ၊ ကလဲ့စားချေတာတွေနဲ့ အညှိုးအတေး အမုန်းတရားတွေကြောင့် ဖြစ်လာရတဲ့ ပူလောင်ခြင်းတရားတွေ ပါ၀င်မှာ မဟုတ်ပါဘူး။

ဒီအတိုင်း စာရေးသူမဟုတ်ပဲ စာရေးတဲ့သူသက်သက်သာ ဖြစ်တာကြောင့် ဟင်ကနဲ့ ဟာကနဲ့ ဖြစ်လောက်တဲ့ အချိုးအကွေ့တွေလဲ ရှိနိုင်မှာ မဟုတ်ပါဘူး။

Zillionဟာ ကျွန်မရဲ့ လေးပုဒ်မြောက်ရေးသားတဲ့ Fictionဖြစ်ပေမယ့် ကျွန်မကိုယ်ကျွန်မတော့ စာရေးတဲ့စွမ်းရည် တိုးတက်လာပြီလို့ မခံစားရသေးပါဘူး။ လိုအပ်ချက်တွေ အပြည့်နဲ့ဆိုတာ ကိုယ့်ကိုကိုယ် နားလည်သိရှိထားပါတယ်။ ဒါပေမဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားမှာပါ။

‌Zillionနဲ့ပတ်သတ်ပြီး မတူကွဲပြားတဲ့ မှတ်ချက်တွေကို လက်ခံနိုင်ဖို့ စိတ်ကို ပြင်ဆင်ထားပါတယ်။

တချို့သိကြမှာပါ။ ကျွန်မက အရမ်းကို ပြီးပြည့်စုံချင်ပြီး အပြစ်တင်ခံရမှာကို မလိုချင်ပါဘူး။

ဒါကြောင့်ပဲ အရမ်းကို စိတ်ပင်ပန်းခဲ့ရပါတယ်။ ကျွန်မရဲ့ ခံယူချက်ကြောင့်လေ။ လုပ်သမျှကိစ္စတိုင်းကို ပြည့်စုံကောင်းမွန်ချင်နေတော့ အထိုက်အလျောက်ကောင်းမွန်နေရင်ကို လက်မခံချင်ဘူး။ အဲတော့ တဖက်စောင်းနင်းဖြစ်သွားပြန်ရော။

GladioliWhere stories live. Discover now