Finale - 32

2.1K 85 7
                                    

ပြည့် မွေးနေ့ပြီးတာနဲ့ ကိုကိုနဲ့ လက်ထပ်ပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် ကြားထဲမှာ ကိုကို့ရဲ့ အလုပ်တွေ၊ ကိုကို့ဖေဖေရဲ့ ဆေးရုံကိစ္စ‌တွေ၊ ပြီးတော့ ပြည့်မိဘတွေရဲ့ အလုပ်တွေကြောင့်ရော ပွဲလုပ်ဖို့ အချိန်တော်တော် ‌စောင့်ဆိုင်းလိုက်ရသည်။

လက်ထပ်ပွဲပြီးတော့ ပြည့်အရင်အိမ်ကို ‌ပိတ်ထားခဲ့ပြီး အငယ်လေးတွေနဲ့ အိမ်အသစ်မှာ လိုက်နေပါသည်။

ကိုကိုက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အရမ်းဂရုစိုက်တယ် ဆိုတာကတော့ အထွေအထူး ပြောစရာမလို။ ဆိုးတဲ့ နေရာတော့ ရှိတာပေါ့၊ ဒါကတော့ နားလည်ပေးလို့ရပါတယ်...။

ကိုယ် မင်းကို အလိုမလိုက်ဘူး၊ သည်းခံပြီးချစ်မပေးဘူးလို့ ပြောခဲ့ပေမယ့် စကားမတည်ပါဘူး။

ကိုကိုက အရမ်းချစ်၊ အရမ်းအလိုလိုက်တော့ ပြည့်က အရမ်းဆိုးချင်လာသည်။
ကိုယ့်ကိုကိုယ် ထိန်းပေမယ့် ထိန်းလို့မရ၊ အားတိုင်း စိတ်ကောက်ချင်နေတာပဲ။

အားရအောင် စိတ်ဆိုးစိတ်ကောက်ပြီးရင် ငါ့ကို မချစ်တော့ပဲ ပစ်သွားရင် ဘယ်လိုလုပ်မလဲ psychoဖောက်ရတာ အမော။

အကြာကြီးတော့ စိတ်ဖောက်ချိန်မရ။ ကိုကိုက ပြည့်ဘယ်လောက်ဆိုးဆိုး နည်းနည်းလေးမှ ပြည့်ကို မငြိုငြင်သလို စကားကြမ်းကြမ်းပင် မပြောပါ။

အချော့ခံချင်လို့ ဆိုးတာမှန်း ကိုကိုသိတာပေါ့ ဆိုပြီး စိတ်ကျေနပ်တဲ့အထိ ဂရုစိုက်ပေးပြီး၊ အလိုလိုက် အလျော့ပေးပါသည်။

အဲ့တော့ ဆက်ဆိုးလိုက်ဦးမယ်။

------×------

Singaporeရောက်လို့ Changiလေဆိပ်မှာ လေယာဉ်ပေါ်က ဆင်းပါပြီဆိုထဲက ပြည့်က သူစိတ်ဆိုးနေမှန်း သိသာအောင် မျက်နှာထားတည်တည်နဲ့ နှုတ်ခမ်းတင်းတင်းစေ့ထားတာ အခု ဟိုတယ်ကို ရောက်သည်အထိ။

သူငယ်ချင်းက သူ့အိမ်မှာ ထမင်းစားဖိတ်ထားလို့ ဟိုတယ်ရောက်တာနဲ့ ခဏနား၊ ပြီးတာနဲ့ အဲဒီကို အချိန်မှီသွားရမဲ့အကြောင်း လေယာဉ်ပေါ်မှာ ရှင်းပြပြီးသား။

GladioliWhere stories live. Discover now