Differences - 12

1.4K 77 11
                                    

အကြောင်းပြချက် ကောင်းကောင်းမတွေ့သေးတာကြောင့် ကိုကို့ဆီဖုန်းမဆက်ရသေး။ ကိုကို့ကိုလွမ်းသည်။

အလုပ်မှာ အဆင်မချောမွေ့သမျှကိစ္စတွေကို ကိုကို့‌ကို ပြောပြချင်သည်။ ကိုကိုက ပေးလာတဲ့ နှစ်သိမ့်စကားကို ကြားချင်သည်။ အားပေးစကားကို ကြားချင်သည်။

LDRSဖြစ်တာကြောင့် ဖုန်းပြောခွင့်ရတဲ့အချိန်တိုင်းဟာ သိပ်တန်ဖိုးကြီးမား၏။ နှစ်ယောက်လုံးကလဲ တန်ဖိုးထားပြီး တရက်ကလေးမျှပင် အဆက်သွယ်အပြတ်မခံကြ။

အခုများတော့။

ပြည့်က အလုပ်တခုကို ချက်ချင်းလုပ်ရမလား၊ နောက်မှလုပ်လဲရတာပဲ စဉ်းစားတွေဝေတက်တဲ့သူ။ အလုပ်မလုပ်ရသေးဘူး အဆင်မပြေရင် ဘယ်လိုလုပ်မလဲ တွေးပူတက်တဲ့သူ။

အခုလဲ ဖုန်းခေါ်ဖို့ အရေးဘာတွေ
စဉ်းစားနေမှန်းမသိ။ ကိုကိုက ဖုန်းမကိုင်ရင် ဘယ်လိုလုပ်မလဲ။

ကိုကိုက ဆုံးဖြတ်ချက်ပြတ်သားပြီး
လက်တွေ့အကောင်အထည် ဖော်တက်တဲ့သူ။ အနိုင်အရှုံးကို ကောင်းကောင်းလက်ခံနိုင်တဲ့သူ၊ အဲ့လိုလူမျိုးလို့ ထင်တာပဲ။

ဖုန်းမြည်‌သံကြောင့် ပျင်းတိပျင်းရွဲ့နဲ့ ကောက်ကိုင်မိတော့ ... 💚 AMPO 💚
ကိုကိုလား...။

" ဟဲလို... "

" နေ့လည်က ‌မေမေ လာတယ်ဆို.. ‌ဘာပြောသွားသေးလဲ... "

နိဒါန်း‌တွေဘာ‌တွေ မလိုဘူး ဆိုလိုရင်းက အဓိကပဲ။

" အဆင်ပြေလားတဲ့... "

" ဘာကိုလဲ... "

" ရှင်နဲ့.. ရှင်နဲ့ အဆင်ပြေလားတဲ့"

" စိတ်အနှောက်ယှက်ဖြစ်သွားရင် အားနာပါတယ်.. မေမေ့ကို ရှင်းပြလိုက်မယ်"

ဟင်... ကိုကိုက ချော့ဖို့ဖုန်းဆက်တာ မဟုတ်ဘူးပေါ့။ အသံကြားတာနဲ့ နွေးထွေးစေတဲ့ ကိုကို ဘယ်ရောက်သွားတာလဲ။

"ဖုန်းချလိုက်တော့မယ်... "

အစမရှိပဲ အဆုံးရှိလို့တော်သေးတာပေါ့။

" ကျွန်မတို့.. ဘာမှမပတ်သတ်တော့ဘူးလား... "

" မတွဲတော့ဘူးလေ.. မင်းပဲ မတွဲချင်တော့ဘူးဆို... "

GladioliWhere stories live. Discover now