I'm Yours - 25

1.5K 67 1
                                    

Unicode

ခရမ်းရောင်ဆိုပေမယ့် မီးခိုးရောင်ဘက်သန်းသလိုလို အပြာဖျော့ဘက် ရောက်သလိုနဲ့။ အရင်က ခါးအထိရှည်တဲ့ ဆံပင်က အခုဆို ကျောပေါ် ဝဲရုံလေး။

ဘာအရောင်ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။
အဓိကက လုပ်ချင်တာ လုပ်လိုက်ရပြီမို့ စိတ်ထဲမှာ နေလို့ကောင်းသလို‌လိုတော့ ရှိပြီ။

Shopping centerအပေါ်ထပ်က hair salonမှာမို့ အောက်ဆင်းဖို့ ဓာတ်လှေကား စောင့်နေကြသည်။

" နင်နဲ့ လိုက်သားပဲ ဆံပင်ပုံစံပြောင်းလိုက်တာ ရုပ်ပြောင်းသွားတယ်... "

" နွေး skin careသွား၀ယ်ရအောင်.. setလိုက်လေ.. ဈေးကြီးလေ ကောင်းလေပဲ... "

" နင့်အတွက်လား.. ဈေးကြီးတိုင်းကောင်းတာမှ မဟုတ်တာ.. အမယ် maskတောင် တလတခါမှ ကပ်တဲ့မိန်းမကများ setလိုက်၀ယ်ဦးမှာတဲ့... "

" Deli မှာလို့ရ‌ရင် ကောင်းမယ်.. အိမ်ရောက်မှ ရှင်းလို့ရရင် ပိုကောင်းမယ်... "

နွေးက အခုမှ ပြည့်လေသံနဲ့ မျက်နှာပေးကို အကဲခတ်မိတဲ့ ပုံစံနဲ့ ခေါင်းညိတ်သည်။

" အော.. အိုကေ အိုကေ.. ငါ ချက်ချင်းမှာပေးမယ် စိတ်ချ... Triumph construction လိပ်စာ တပ်ပေးလိုက်မယ်လေ.. မှာပြီး မသုံးရင် နှမြောစရာကြီး...
ငါ့ပြန်ပေး... "

" စဉ်းစားလေ.. ငါ့ကောင်လေး ပိုက်ဆံရှင်းလိုက်ရမှာကို နင့်ပေးစရာလား.. ဝေးသေး... "

ဓာတ်လှေကားပွင့်လာတာနဲ့ အောက်ထပ်ဆင်းလာခဲ့သည်။

" ပြည့်.. ငါတို့နှစ်ယောက်ထဲရယ်.. မတော်တဆ မီးပျက်ပြီး ပိတ်မိနေရင် ဘယ်လိုလုပ်မလဲ... "

" ကယ်မဲ့သူ မလာရင် သေမှာပေါ့... "

" မသေချင်သေးဘူး.. Hot potစားချင်တယ်.. မာလာရှမ်းကောစားချင်တယ်..
ဒီနေ့ တနေကုန် နင့်ကို ထိုင်စောင့်ပေးရတာ ငါ့ကို တခုခု ၀ယ်ကျွေး... "

" ပိုက်ဆံမရှိတော့ဘူး.. နောက်ရက်မှ... "

" အခု ဗိုက်ဆာတယ်ဟဲ့... "

ဓာတ်လှေကားထဲက ထွက်လာခဲ့ပြီး ဆိုင်ကယ်ဆီ လမ်းလျှောက်လာခဲ့ကြသည်။

GladioliWhere stories live. Discover now