Searching - 3

1.9K 98 9
                                    

Unicode

အိမ်နဲ့ စိတ်ဆိုးလာတဲ့သူတွေ ဘယ်သွားတက်လဲ?

သူကတော့ ရှင်းတယ်။
ဘယ်လို စိတ်အနှောက်အယှက်မျိုးပဲ ဖြစ်ဖြစ်။ ဘယ်လောက် စိတ်ပင်ပန်းစရာပဲဖြစ်ဖြစ် သူ့အတွက် ထိခိုက်စေမယ့် လုပ်ရပ်မျိုး ဘယ်တော့မှမလုပ်ဘူး ။

ဘယ်သူကမှ မချစ်ရင်လဲ ကိုယ့်ကိုကိုယ် ချစ်ရမယ်မလား။

မှတ်မှတ်ရရ April 1ရက်နေ့ ။

အိမ်နဲ့ရန်ဖြစ်လာရင် သူငယ်ချင်းအိမ်ရောက်နေတက်တယ်။ သူ့အိမ်မှာပဲနေတယ်၊ စားတယ်။ အိမ်ကလဲ သိပြီးသားဆိုတော့ ထွေထူးပြီး စိတ်ပူမနေဘူး။

" မင်း သင်္ကြန်လဲ အိမ်ထဲပဲနေမှာလား.. လျှောက်မလည်ဘူးလား.. တနေရာရာ သွားရအောင်လေ.. ဘယ်သွားမလဲ... "

" ဘယ်မှာမသွားဘူး... "

" အေးပါ.. အဲ့တာဆိုလဲ.. ငါ့အိမ်မှာသာ ကြိုက်သလောက်နေ ဟင်း ဟင်း... ''

" တယောက်တ၀က်နော်... "

မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေတဲ့ သူငယ်ချင်းဖြစ်သူကို သနားမိသည်။

" ငါ့များ မင်းလို အ,အမှတ်နေ.. ငါ့မေမေက ဘယ်လောက်ပေးသွားလဲ... ‌ေစာက်ကြီးကျယ်ပြီး Cashမပေးပါနဲ့ Bank accပေးပါမယ်နဲ့... "

" အေး သိတော့လဲ ကောင်းတာပေါ့.. တပြားမှ မပေးဘူး.. မဏ္ဍပ်ထိုင်မှာမို့ ငါယူလိုက်ပြီ... "

" လမ်းလျှောက်သင်္ကြန်သွားပါ့လား.. ပိုက်ဆံမကုန်တဲ့အပြင် စတုဒီသာတောင်စားရဦးမယ်... "

" မလိုက်လဲနေ.. ငါကတော့ အသစ်စက်စက်ကောင်မလေးနဲ့ အပြတ်ကဲရမယ်... "

ကောင်မလေးတဲ့လား... ။

January, February, March, April...
နောက်ထပ် တကြိမ်တခါလောက်ဖြစ်ဖြစ် တွေ့ခွင့်ရဖို့က ဘယ်အချိန်မှလဲ...။

May, June, Julyကနေ နောက်ထပ်တခေါက် Januaryပြန်ရောက်ရင်ရော ထပ်တွေ့နိုင်ပါ့မလား...။

အကြို၊ အကျ၊ အကြတ် သုံးရက်လုံး အိမ်ပြင် လုံး၀မထွက်ဖြစ်သလို၊ သီချင်းသံတွေ ကြားလဲ မပျော်ချင်။ တကယ်ပဲ သင်္ကြန်မှာ သူ မပျော်ရွှင်နိုင်ပါ။

GladioliWhere stories live. Discover now