Extra - 5

1.9K 64 6
                                    

(အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသူများ ဖတ်ရှုရန်မသင့်လျော်သည့် အကြောင်းအရာများ ပါရှိပါသည်။ မည်သည့်အသိပညာ၊ ဗဟုသုတမှ ရရှိစေမည် မဟုတ်ပါ။)

.
.
.

" သား အိမ်ထဲ၀င်ဦးလေ... "

" အပြန်မိုးချုပ်မှာ စိုးလို့မေမေ... "

" မိုးချုပ်ရင်လဲ ဒီမှာပဲ အိပ်သွားတော့လေကွယ်... "

မေမေက ဒီအကွက်ဆင်နေတာ ခရီးက ပြန်ရောက်လာထဲက။ ‌ပြန်ရောက်လာထဲက ပြည့်က တနေကုန် ဒီအိမ်မှာ ရှိနေတာကို မေမေ့မှာ မကျေနပ်နိုင်ပါ။ ညအိပ်ဖို့အထိပါ မေမေက ပြောလာပေမဲ့ ပြည့် အနေရခက်မှာ စိုးရိမ်တာကြောင့် မနေဖြစ်သေး။

မေမေတယောက်တင်မက သူ့တအိမ်သားလုံးက သူ့ဇနီးကို ဖူးဖူးမှုတ်ထား၏။ ‌ကောင်းပေမယ့် နှစ်ယောက်ထဲ အတူရှိနေချိန်က ရှားပါးလာရတော့သည်။

" သား ထမင်းစားသွားပါလား.. သမီးကတော့ စားပြီးပြီ... "

မငြင်းနိုင်။ မစားရင် မေမေက စိတ်ကောင်းမှာမဟုတ်။ မိဘကျေးဇူးကို အပြည့်အ၀ဆပ်နိုင်မှာ မဟုတ်ပေမယ့် ဒီလောက်လေးနဲ့ မေမေ စိတ်ချမ်းသာမယ်ဆို လိုက်လျောနိုင်ပါသည်။

" စားလိုက်မယ်လေ.. ပြည့်ရော... "

" နှင်းသန့်အခန်းထဲမှာ.. နေ့လည်က ယောဂလုပ်ကြတာလေ မေမေပါ ၀င်ပါလိုက်သေးတယ်... "

မေမေက သွက်လက်စွာနဲ့ စကားတွေဖောင်ဖွဲ့ပြောလာပြီး ထမင်းခူးကျွေးတော့သည်။ မြေးရတော့မယ်ဆိုတာကြောင့် အရင်ကထက်ပင် ရွှင်လန်းတက်ကြွနေသည်။

" မေ ပျော်နေတာလား... "

" စိတ်ချမ်းသာနေတာပါ သားရယ်.. ငါ့ဘ၀ကြီးတော့ ဒီလိုပဲ အသက်ရှင်ရတော့မယ် တွေးပြီး စိတ်ဓာတ်ကျနေတာ.. အခုတော့ ပေါက်စလေးအတွက် အသက်ရှည်အောင် နေရမယ်လေ.. သားဖေဖေတောင် ဆေးလိပ်ဖြတ်မလို့တဲ့.. လူနာတွေနဲ့ မသောက်ပါနဲ့ပြောတာ နားမထောင်တဲ့သူက အခုတော့ ပြောင်းလဲလို့... "

သူလဲ စိတ်ချမ်းသာရသည်။ မေမေက အရင်လတွေတုန်းက သိသိသာသာကို စကားနည်းသွား၏။ သားအကြီးဖြစ်သူရဲ့ အရှုပ်တော်ပုံကြောင့် မေမေမှာ အိပ်ရာထဲပင်လဲမတက်။ အခုတော့ အိမ်မှာ ပျော်စရာလေး ပေါ်ပေါက်လာခဲ့ရပြီ။

GladioliWhere stories live. Discover now