Gloomy - 21

1.4K 59 2
                                    

" သဲ နေကောင်းရဲ့လား... "

ဘုရားဆွမ်းတော်ကပ်ဖို့ အပေါ်ထပ်က ဘုရားခန်းကိုအလာ ကိုကိုက သူ့အခန်းလေးထဲကအထွက် လှေကားမှာ ဆုံကြသည်။

" ဟုတ်.. Breakfastစားပြီးရင် Companyသွားမှာမလား... "

" သဲကရော ဘယ်မှမသွားဘူးလား... "

ညထဲက သဲဆိုတဲ့ အခေါ်အဝေါ်လေးက နားထဲက မထွက်ဘူး။ ကိုကိုက ခပ်တည်တည်နဲ့ ခေါ်လာတော့လဲ ပြည့်ကလဲ ခပ်တည်တည်ပဲပေါ့။

" မေမေ့ဆီသွားရမှာ.. မေမေက လာခဲ့ဦးတဲ့... "

" ကိုယ်ပြန်လာရင် ဘာစားချင်လဲ ဘာ၀ယ်ခဲ့ရမလဲ..."

" Pizza... "

" ၀ယ်ခဲ့မယ်.. ဆိုင်ကယ်နဲ့သွားရင် ဂရုစိုက်သွားနော်.. Bye bye ကိုယ်သွားပြီ..."

ပြည့်လဲ ဘုရားဆွမ်းတော်ကပ်ပြီးတာနဲ့
မေမေ့ဆီ ထွက်လာလိုက်သည်။

ဆိုင်လာခဲ့ဆိုပြီး ဆိုင်ရောက်မှ ဒီနေ့ဆိုင်မလာဘူး အိမ်လာခဲ့ဟု ဖုန်းဆက်လာ၏။

" မမ... "

အိမ်ရှေ့ရောက်လို့ ဆိုင်ကယ်ဒေါက်မထောက်ရသေးဘူး အငယ်လေးက အလန့်တကြားနဲ့ လှမ်းခေါ်သည်။

" ဘာလဲ... "

" ဟို.. ဟိုလေ... "

" ဘာလဲဟ... "

" မေမေက မေးလို့ဖြေလိုက်တယ် မမနဲ့ ကိုကြီးအကြောင်းကို... "

ငယ်လေးက ပြည့်ဆီက ဆူခံရမှာ တအားကြောက်နေပုံပဲ။ မျက်နှာငယ်လေးနဲ့။

" ဘာမှမဖြစ်ဘူး.. မဟုတ်လဲသိရမှာပဲ.. ကိစ္စမရှိဘူး... "

" မေမေက စိတ်ဆိုးနေတယ်.. သားတို့ကို မမမှာ ကောင်လေးရှိတဲ့အကြောင်း မပြောပြလို့တဲ့... "

" မမ ပြောပေးပါ့မယ်.. မကြောက်နဲ့နော်"

" မနက်ဖြန် မမဆီ ပြန်လာတော့မယ်.. ဒီမှာ ပျင်းစရာကြီး... "

" လာခဲ့...  "

" ဟိုမောင်နှမနှစ်ယောက် အိမ်ထဲ မ၀င်ပဲ ဘာလုပ်နေတာလဲ! "

မေမေက အိမ်ထဲကနေ လှမ်းအော်လိုက်တော့ နှစ်ယောက်သား အိမ်ထဲအမြန်၀င်ရသည်။

GladioliWhere stories live. Discover now