Talking Of - 17

1.5K 69 3
                                    

Unicode

" ကိုကို့ ဆံပင်တွေက ဂုတ်ထောက်နေပြီ.. မညှပ်သေးဘူးလား... "

အိမ်ပြန်ဖို့စိတ်ကူးမရှိသေး‌တာကြောင့် ပြည့်ဆီမှာပဲ သောင်တင်နေသည်။ ညအိပ်ရင်တော့ ဘုရားစင်ရှေ့သွားအိပ်ရတာပေါ့။

အငယ်လေးက ဗိုက်အောင့်တယ်ဆိုပြီး သူ့အစ်မနဲ့ လာအိပ်တာ နှစ်ရက်ရှိပြီ။

" ဟင်လို့.. ငယ်လေးနဲ့သွားညှပ်ပါလား.. ငယ်လေးလဲ ဆံပင်ရှည်နေပြီ... "

သုံးယောက်သား TVက ဘောလုံးပွဲကို စိတ်၀င်စားနေသလို သူလဲ သူ့ဖုန်းသူ စိတ်၀င်စားနေတာကို ရုတ်တရက်ကြီး ဘေးနား အတင်းလာကပ်ထိုင်ပြီး ဆံပင်လာညှပ်ခိုင်းနေသည်။

" ကိုကို... "

" ဘာလဲကွာ.. ဟာ Goal.. Goal.. ဟာ ကောင်းလိုက်တဲ့ ဂိုးသမားကွာ... "

" ကိုကိုလို့.. မနက်ဖြန် ငယ်လေးနဲ့ ဆံပင် သွားညှပ်နော်... "

" ခဏနေမှ ပြောကွာ.. ဆယ်မိနစ်ပဲ ကျန်တော့တာ ပြီးမှဆက်ပြော... "

" ဟုတ်တယ် မမကလဲ နားညီးတာ အာရုံမရတော့ဘူး.. အခန်းထဲသွားပြီး ကိုယ့်ကောင်လေးတွေကို ကြည့်တာ မဟုတ်ဘူး..."

အငယ်လေးကလဲ အမှတ်မရှိဘူး။ အမဖြစ်သူက သူ့ကောင်လေးရှေ့မှာ ပြန်ပြောတာ မကြိုက်မှန်း သိရဲ့သားနဲ့။

အခုလဲ ငယ်လေးကို ရိုက်ဖို့ နေရာက ထလိုက်မို့ အတင်းပြန်ထိုင်ခိုင်းရသည်။

" ကိုယ့်နားမှာပဲ ထိုင်နော်.. ခဏပဲ ခဏနေဆိုပြီးတော့မှာ... "

" မထိုင်ချင်ပါဘူး သွားအိပ်တော့မယ်... "

ဘောလုံးပွဲပြီးတာနဲ့ ချက်ချင်း အခန်းထဲ လိုက်သွားပြီး ချော့ရသည်။

" တော်ပြီကွာ.. အဲ့လောက်ဖုန်းမကြည့်နဲ့တော့.. မင်းမျက်လုံး‌လေးကို သနားပါဦး..."

" . . . "

" ပြည့် စိဝာ်ကောက်တာလား.. ဟုတ်လား"

စကားပြန်မရတာကြောင့် လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည်။

" ဟာ ခဏလေး ဒီမှာ ရှာစရာရှိလို့..."

" ရှာပြီးရင် အိပ်တော့နော်.. ကိုယ်လဲသွားအိပ်တော့မယ်"

GladioliWhere stories live. Discover now