" ကိုယ်..."လွန်ခဲ့တဲ့ ငါးမိနစ်ခန့်က လာချပေးသွားတဲ့ ကော်ဖီပန်းကန်ကို ခုချိန်ထိ လက်နဲ့မထိမတို့ရသေး။
" ပြောလေ ကိုကိုရဲ့..."
" အင်း.. ကိုယ်.. မနက်က သတင်းတွေက အမှန်တွေ မဟုတ်ဘူးနော်..."
" ဘာသတင်းလဲ... "
" မသိသေးဘူးလား... "
ပြည့်က ပကတိကြည်လင်တဲ့ မျက်လုံးတွေနဲ့ သူမဘာမှမသိသေးကြောင်း ပြောလာတော့ ပိုလို့စိတ်ရှုပ်ရသည်။
" အွန်း.. မနက်အစောထဲက ဆေးရုံရောက်နေတာ.. အခု ကိုကိုခေါ်လို့ ချက်ချင်း လိုက်လာတာလေ ဖုန်းတောင် အငယ်လေးအခန်းထဲ ကျန်ခဲ့တယ်... "
" အိမ်မှာ ဘယ်သူမှမရှိလို့ ကိုယ် ဆေးရုံလိုက်လာတာ..."
လက်ထဲက ဖုန်းကို ပြည့်လက်ထဲ ထည့်ပေးရင်း ခါးသက်နေတဲ့ ကော်ဖီကို သောက်လိုက်သည်။
ဖုန်းscreenမှာပေါ်နေတဲ့ သတင်းကို
သေချာကြည့်နေတဲ့ ပြည့် မျက်နှာကို မဝံ့မရဲ လှမ်းကြည့်မိတော့ ထူးထူးခြားခြား ပြောင်းလဲတာမတွေ့။အကြည့်ချင်းဆုံသွားပြီး ပြည့်က ဖုန်းကို လှမ်းပေးတော့ အယောင်ယောင်အမှားမှားနဲ့ မယူဖြစ်ဘူး။ ပြည့်က သူ့ဘေးမှာ၀င်ထိုင်ကာ ဖုန်းကို သူ့လက်ထဲ ထည့်ပေးလာသည်။
" မဟုတ်ဘူးမလား... "
" . . . "
" ကိုကိုက မဟုတ်ဘူးဆို မဟုတ်ဘူးပေါ့..
ကိုကို့ကို ယုံပါတယ်... "ယုံပါတယ်ဆိုတဲ့ စကားကို ယုံကြည်အောင် မနေခဲ့တဲ့ သူက ကြားလိုက်ရတော့ မလုံမလဲတွေဖြစ်ရ၏။
" ကိုယ့် မေမေရောပါတယ်.. လူကြီးတွေ မိတ်ဆုံစားပွဲကို မေမေ့က လာကြိုပေးဆိုလို့ ကိုယ်သွားကြိုတာ အဲ့တယောက်ရော ရှိနေမယ် မထင်ထားဘူး.. ဓာတ်ပုံတွေက သပ်သပ်မဲ့ ကိုယ်တို့နှစ်ယောက်ကိုပဲ ရိုက်ထားတာပါ... "
" ကိုယ်တို့နှစ်ယောက်.. အဟင်း... "
လက်မောင်းကို ဖက်တွယ်ထားတဲ့ လက်ဖ၀ါးတွေ ပြေကျသွားတော့ အလျင်အမြန် လက်ဖဝါးတွေကို ပြန်လည်ဆုပ်ကိုင်ရင်း ဖြေရှင်းရသည်။
YOU ARE READING
Gladioli
RomanceNo Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020