Unmanageable Day - 19

1.6K 72 1
                                    

" ဘာလုပ်နေလဲ... "

ရင်ခွင်ထဲ အတင်းတိုး၀င်လာတဲ့ အောင်မြင်ဖြိုးဦးရဲ့ချစ်မ၀လေး။

" ကိုယ်‌ ရေမချိုးရသေးဘူး.. ခဏလေး... "

" ညက ချိုးတယ်မလား.. မချိုးလဲ ကိုကိုကမွှေးနေတာပဲကို... "

" ဗိုက်ဆာပြီလား.. ထမင်းနဲ့ ကြက်သားကြော် ရှိတယ် ကော်ဖီဖျော်ထားတယ်... "

" အင်း.. စားတော့မယ်... "

ထမင်းစားပွဲမှာ ၀င်ထိုင်စားရင်း အစားတဖက် ဖုန်းတဖက်နဲ့။

" အရင်စား ဖုန်းနောက်မှကြည့်ကွာ"

အင်း ဆိုပြီး ထမင်းသုံးဇွန်းလောက် တခါထဲ ပါးစပ်ထည့်ကာ ဖုန်းဆက်ကြည့်သည်။
ထမင်းကုန်တော့ နောက်တခါ သုံးဇွန်းလောက် ထပ်စားပြန်သည်။

" ကောင်းကောင်းစားစမ်းပါကွာ... "

" ကုန်ပြီ.. ကောင်းကောင်းစားခဲ့ရပါတယ်.. ကျေးဇူးတင်ပါတယ်... "

" ဒီနေ့ ဘယ်သွားစရာရှိလဲ "

" မရှိပါဘူး.. အိမ်မှာပဲနေမှာ... "

" ကိုယ် အပြင်ခဏသွားလိုက်ဦးမယ်နော်.. နေ့လည်ထမင်းစားချိန်အမှီ ပြန်လာခဲ့မယ်"

" အိုကေ..."

" မအိုကေပါဘူး.. Morning kissမှ မရသေးပဲ... "

ပါးကို လက်ညှိုးထိုးပြတော့ ဆီပေနေတဲ့ နှုတ်ခမ်းကို တစ်ရှုးနဲ့ သေချာ သုတ်ပြီး ပါးကို နှုတ်ခမ်းလေးနဲ့ ထိရုံလေး ထိပြီး အခန်းထဲ ပြန်ပြေး၀င် သွားပါတော့သည်။

.

" ဟာ အရှုပ်ထုတ်လေး လိုက်တာလား.. ကျောင်းမသွားဘူးလား... "

ရုံးခန်းထဲ ၀င်၀င်ချင်း အလင်းရဲ့တူလေးကို တွေ့လိုက်ရသည်။

" အရှုပ်ထုတ် မဟုတ်ဘူး.. မင်းကျေးဇူးရှင်ကွ... "

" ဘယ်နှစ်တန်းရောက်ပြီလဲ.. လာပါဦး.. ကိုကြီးဆီ... "

ကလေးကို ပွေ့ချီလိုက်မိတော့ ကလေးကိုယ်လေးက ခပ်နွေးနွေးလေး။

" သားသားက တတန်းရောက်ပြီ.. သားသားက ဖျားနေတာ မချီနဲ့ အောက်ချပေးပါ..."

GladioliWhere stories live. Discover now