ဖုန်းရဲ့တုန်ခါမှုကြောင့် ဖြတ်ခနဲ နိုးလာရသည်။ နိုးလာပေမယ့် အသိစိတ်ကပ်အောင် မနည်းကြိုးစားလိုက်ရပြီးနောက် တဒီးဒီးအော်မြည်နေတဲ့ ဖုန်းသံကို ရှာဖွေလိုက်သည်။
အသံက ပြည့်နဲ့သူနဲ့ နှစ်ယောက်ကြားထဲက ခေါင်းအုံးတလုံးအောက်ကနေ မြည်နေတာဖြစ်သည်။
3:15 AM
ပြည့် Alarmပေးထားတာလား။
ဒီအချိန်ကြီး တခုခုလုပ်စရာရှိလို့လား။Labelလဲ ရေးထားတာ မရှ်ိတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတဲ့ ပြည့်ကို နှိုးလိုက်ဖို့၀န်လေးနေ၏။
ဒီလိုမနက်အစောကြီးမှာ အရေးတကြီးလုပ်စရာ ရှ်ိနေရင် သူ့ကို သေချာပေါက် ပြောပြထားမှာပဲ။ သူ မသိထားတဲ့ကိစ္စဆိုတော့ ဒါဟာ အရေးမကြီးဘူးပေါ့။
ဟိုတွေးဒီတွေးနဲ့ မျက်စိကြောင်ပြီး ပြန်အိပ်လို့မရနိုင်ဖြစ်သွားရ၏။ အိပ်မရတဲ့အတူတူ အလုပ်လုပ်မယ်စိတ်ကူးနဲ့ မျက်နှာသစ်ပြီး အလုပ်စားပွဲမှာ ထိုင်လိုက်သည်။
မနက်ခြောက်နာရီစွန်းစွန်းမှာတော့ စောင်ပုံထဲကကလေးလေး လူးလွန့်လာတာကို မြင်လိုက်ရသည်။ မှန်ချပ်တချပ်ပဲ ခြားနေတာကြောင့် ပြည့်ကလဲ နိုးနိုးချင်း သူ့ကို မြင်သွားတော့သည်။
" ကိုကို အစောကြီးနိုးနေတာလား... "
" အိပ်ရေး၀ရဲ့လား... "
" အိပ်ရေးဝတယ်... "
သူ့လက်မောင်းကို အားပြုကိုင်ထားခိုင်းရင်း ရေချိုးခန်းဆီ ဂရုတစိုက် ခေါ်သွားလိုက်သည်။
" နှိုးစက်သံကြောင့် နှိုးလာတာ.. သဲ Alarmပေးထားတာလား... "
သွားပွတ်တံထဲ သွားတိုက်ဆေးထည့်လိုက်ပြီး ပြည့်လက်ထဲ ထည့်ပေးလိုက်သည်။
သွားတိုက်နေရင်း Alarmပေးထားမိလား စဉ်းစားနေပုံလေးက ချစ်စရာကောင်းလွန်းလို့ လက်မောင်းလေးကို ကိုက်ပစ်လိုက်သည်။
" ဘယ်နှစ်နာရီကလဲ... "
" သုံးနာရီ.. ဘာလုပ်စရာရှိလို့လဲ... "
" မနက်သုံးနာရီ.. အင်းးး မှားတာဖြစ်မယ်.. ဘာမှလုပ်စရာမရှိပါဘူး.. ဆောရီး ကိုကို... "
YOU ARE READING
Gladioli
言情No Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020