Loving - 10

1.7K 82 4
                                    


Unicode

Super Sunday မနက်တိုင်း Gymသွားလေ့ရှိသည်။ နွေးကတော့ တပတ်မှ တရက်ထဲနဲ့ ဘာထူးခြားမှာလဲ နင်ရူးနေလားတဲ့။ သူကျတော့ တရက်မှမဆော့ပဲနဲ့။

ဒီနေ့မနက်တော့ စိတ်ဆိုးနေတဲ့ကိုကြီးကို ချော့ရမှာမို့ မသွားပဲနေရမလား တွေးပေမဲ့ အကျင့်ပျက်ရင် ပြင်ရခက်မှာလေ။ သူက နောက်အပတ်ထဲ Singapore ပြန်သွားရမှာကို။

ဆံပင်ရှည်တွေကို အရှေ့ဆံပင်ပါ အကုန်သိမ်းပြီး မြင့်မြင့်လေး စည်းထားလိုက်သည်။ ‌Bangချရင်လဲ ချွေးထွက်ပြီး ကပ်သွားမှာမို့ အဆင်မပြေ။

ဟိုလျှောက်ဆော့ ဒီလျှောက်ကိုင်နဲ့ပဲ အချိန်ပြည့်သွားတော့သည်။ Gymကပြန်လာတော့ ဖုန်းဆက်ပေမဲ့ ကိုယ်တော်ချောက ဖုန်းမကိုင်ပါ။ ခုထိ အိပ်တုန်းနေမှာ။

လက်ဖက်ရည်ဆိုင်ကနေ မုန့်ဟင်းခါးနဲ့ ကော်ဖီတစ်ခွက် ၀ယ်ပြီး မနက်စာစားလိုက်သည်။ ကျောင်းအတွက် နောက်တပတ် Lesson Planမှာ လိုတာတွေ ရှိမလား ပြန်ကြည့်ရဦးမယ်။

ကိုးနာရီထိုးတဲ့အထိ ဖုန်းပြန်မဆက်ဘူးဆိုတော့ မနိုးသေးတာ မဟုတ်ပဲ တမင်ပြန်မခေါ်တာလား တွေးမိ၏။

နောက်တခါ ထပ်ခေါ်တော့ ဖုန်းကျခါနီးမှကိုင်သည်။

" အင်း ကိုယ်ရေချိုးနေလို့... "

" အခုမှ နိုးတာလား"

" အင်း ဘာစားပြီးပြီလဲ... "

" စားပြီးပြီ နောက်မှ ပြန်ဆက်မယ်လေ... "

" အင်း အင်္ကျီ၀တ်လိုက်ဦးမယ်... "

ညက တကယ်မူးနေပုံပဲ ဘာမှမမှတ်မိဘူးလား။

Gymကပြန်လာပြီး ချွေးတွေနဲ့ကို
ငါလဲ ရေမချိုးရသေးဘူး။ ဟင်းချက်ပြီးမှပဲ ရေချိုးတော့မယ်။ တံခါးညှပ်မိတာ ညာဘက်၊ ဓားသေချာမကိုင်နိုင်တော့ ဘယ်ဘက်လက်က ဓားရှသေး၊ ဆီပူစင်သေး။ ဟင်းချက်တဲ့အလုပ်က ပြည့်နဲ့ မကိုက် လားလားမှမသက်ဆိုင်။

ပြည့် ရေချိုးပြီးတဲ့အချိန်ထိလဲ ဖုန်းပြန်မခေါ်။ အင်္ကျီ၀တ်တာ ဘာတွေအဲ့လောက်ကြာနေမှန်းမသိဘူး။

ထမင်းစားပြီးလို့ တရေးရတဲ့ထိလဲ
ဖုန်းမခေါ်။

ညနေပိုင်း လေးနာရီလောက်မှာ နွေးက သူနဲ့အတူ စာအုပ်ဆိုင်လိုက်ဖို့ လာခေါ်တာနဲ့ လိုက်သွားရသည်။

GladioliWhere stories live. Discover now