Zoom Out - 27

1.6K 70 5
                                    

Recommend Song
GOT 7- PRAY


နေပြည်တော်က အဘွားနဲ့ အဒေါ်ဖြစ်သူအလည်ရောက်နေ၏။ ဘွားဘွားကလဲ ပြည့်ကို တွေ့ချင်သလို တီလေးကလဲ ဟိုတခေါက်က မေမေ့ကိုတောင် အသိမပေးပဲ အရေးတကြီးပြန်သွားရတာ ပြည့်ကြောင့် မလားဆိုပြီး မေးနေသည်။

" နှင်းသန့် သူ့အခန်းထဲက ထွက်မလာသေးဘူးလား.. အဲ့ကောင်မလေး အခန်းအောင်းပြီး ဘာလုပ်နေတာလဲ... "

မမက နှင်းသန့်ကို သွားခေါ်တော့ ဖုန်းကို လက်ကမချနိုင်ပဲ စူပုတ်နေတဲ့ မျက်နှာကြီးနဲ့ ဧည့်ခန်းမှာ သွားထိုင်နေသည်။

" ဟဲ့.. အစား စားရအောင် ခေါ်တာလေ.. ညည်းရှေ့တော်မှောက် လာဆက်သရမှာလား... "

နားက နားကြပ်မချွတ်ပဲ ထမင်းစားပွဲဝိုင်းလာထိုင်သည်။ ဖုန်းကြည့်ပြီး ပြုံးနေတာ၊ စိတ်ရောမှန်သေးလား မသိဘူး။

" ဘာတွေအသည်းအသန် ကြည့်နေတာလဲ... "

" ကိုယ့်ဟာကို ဘာကြည့်ကြည့်ပေါ့.. အစီရင်ခံတင်ပြရဦးမှာလား... "

ဂုတ်ပိုးကိုနာနာဖိလိုက်ပြီး လက်မောင်းကို တချက်ချလိုက်သည်။

" သမီး... "

ဖေဖေက သူ့သမီးအငယ်လေးကျ လေသံမာမာတောင် မဟဘူး။ ပြီးမှ ဆက်ကြည့် စားစရာရှိတာ အရင်စားဆိုပြီး။

" သား.. စုပြည့်ကို ဖုန်းဆက်ဦးလေ... "

ဖုန်းခေါ်တော့ ဖုန်း၀င်ပေမယ့် မအားသေးပါဖြစ်သွားသည်။

" နေပါစေ မေမေရာ.. မခေါ်နဲ့တော့.. ‌ရောက်လာလဲ အဲ့ကောင်မလေးက ဖော်ဖော််ရွေရွေ စကားပြောမှာ မဟုတ်ဘူး... "

" အဲ့လို ဘယ်ဟုတ်ပါ့မလဲ.. မေမေတို့နဲ့ မရင်းနှီးသေးလို့ပါ.. သားနဲ့ဆိုရင် ရွှန်းရွှန်းဝေအောင် စကားပြောတယ်မလား... "

အင်း... အဲဒီရွှန်းရွှန်းဝေကိုသာ ခေါ်ပြီး စကားပြောခိုင်းချင်သည်။

" မခေါ်နဲ့.. Oppaတွေ Liveလွှင့်နေတယ်..
မမ မအားဘူး... "

" အေးအေး.. ကောင်းတယ်.. နင်လဲ ‌စာမလုပ်ပဲ ဒါတွေပဲ အလုပ်လုပ်နေ... စုပြည့်စုံလင်းနဲ့ သွားမယှဉ်နဲ့ ဟိုက ကျောင်းပြီးလို့ ဘွဲ့ရပြီ... "

GladioliWhere stories live. Discover now