Burning or Freezing - 18

1.5K 79 3
                                    

ညဆယ်နာရီမထိုးခင်မှာပဲ ပြည့်ဆီပြန်ရောက်သည်။ ခေါင်းငိုက်စိုက်နဲ့ ဆံပင်ရှည်တွေနဲ့ မျက်နှာလေးက ကြည့်ကောင်းလို့ တော်သေး။

" ကဲ လာ လာ အိမ်ထဲ၀င်.. အဲ ကိုကို့ကို ပြောတာနော်.. အောင်မြင်ဖြိုးဦးကို ပြောတာ... "

ခြံတံခါးဖွင့်ပေးရင်း ကိုကို့လက်ကို ဆွဲကာ အိမ်ထဲ၀င်ဖို့ ပြင်သည်။

" အင်းလေ ကိုယ့်ကို ၀င်ခိုင်းတာပဲ..."

" အာ.. ကိုကိုကလဲ ညမိုးချုပ်နေပြီလေ.. လာ လာ ဆိုပြီး‌ ၀င်ခိုင်းတော့ တခြားမခေါ်တဲ့ သူတွေက ၀င်လာရင် ဘယ်လိုလုပ်မလဲ... "

" မကောင်းဆိုးဝါး‌တို့ သရဲတို့လား... "

နား'နားကို ကပ်ကာ မချိုမချဉ်မျက်နှာနဲ့ တိုးတိုးလေးကပ် ပြောသည်။

" ဟာ အဲ့လိုမပြောချင်လို့ ရှောင်ပြောတာကို... "

" ရှောင်ပြောက တရုတ်လား... "

" ကိုကိုနော်... "

ဆံပင်ကို ဆွဲဖွသွားပြီး အပေါ်တက်ပြေးတော့သည်။ လှေကားတ၀က်ရောက်မှ ရပ်ပြီး Fly Kissပေးသေးသည်။

ကိုကိုက အခုဘုရားခန်းမှာ မအိပ်တော့ဘူး။ အငယ်နှစ်ကောင်ရဲ့ အခန်းဘေးကစာကြည့်ခန်းမှာ။ ပြန်မယ့်ပုံလဲ မပေါ်တာကြောင့် တယောက်အိပ်မွေ့ယာ၀ယ်ပြီး စာကြည့်ခန်းမှာပဲ အိပ်ခိုင်းလိုက်တာ။

အခုမှ ကိုးနာရီဆိုတော့ မအိပ်သေးပဲ
ရေချိုးဦးမှာ။ ညညဆို ရေချိုးပြီးမှ အိပ်တာ ဘာအကျင့်မှန်းမသိဘူး။

အိပ်ရာပေါ်လှဲအိပ်နေရင်းကနေ Singaporeမှာ တွေ့ခဲ့တဲ့အကြောင်းတွေ စဉ်းစားမိတော့ အလိုလို ပြုံးမိသည်။

စချစ်မိလို့ ကိုကိုက ဆက်ချစ်နေတာ ထင်တယ် ဟိ ဟိ။

.
.
.

" ဟပ်ချိုး ... "

‌လူမမြင်ရသေးဘူး နှာချေသံ အရင်ကြားရပြီ။

" မပြောချင်ဘူး.. တော်တော်အသန့်ကြိုက်.. အိမ်မက်ထဲမှာ နတ်သမီးတဖက်ငါးရာနဲ့ ‌တွေ့ရမှာဆိုတော့ ညညဆို ရေချိုးရတာအမော... "

ပြည့်ထိုင်နေတဲ့ ဆိုဖာပေါ်ကို အနောက်ကနေ လွှားကနဲ ကျော်ကာ ၀င်ထိုင်ရင်း ပုခုံးပေါ် မျက်နှာလာတင်သည်။

GladioliWhere stories live. Discover now