Part(3)

9.1K 705 16
                                    

Unicode

  "ဒေါက်တာ"

  "....."

  "ဒေါက်တာမြေမခ"

  "ဟင်...ဘာကိစ္စလဲ မမျိုး...လူနာလား"

  "မဟုတ်ဘူး ဒေါက်တာ...အရှေ့မှာ ဒေါက်တာ့ ဧည့်သည်ရောက်နေပါတယ်"

  "ဧည့်သည်"

  "ဟုတ်တယ် ဒေါက်တာ...သက်နှင်းချိုလို့ ပြောပါတယ်"

  "ဟုတ်ပြီ...ကျွန်​တော့်နားနေခန်းမှာ စောင့်ခိုင်းထားပေးပါဦး။ ဒီစာရင်းလေး ပြီးတော့မှာမို့ အမြန်လက်စသတ်ပြီးတာနဲ့ လာခဲ့ပါ့မယ်"

  မြေမခ အတွေးတွေများနေတာနဲ့ပင် သူနာပြုမိန်းခလေးခေါ်နေတာကို ချက်ချင်း မကြားလိုက်မိတာ ဖြစ်သည်။တရားခံကတော့ ဟိုခွေးတွေရဲ့ ဖခင်ပင်။ စိတ်ဆတ်ပြီး ဒေါသဖြစ်တတ်တာ သူ့အကျင့် မဟုတ်သော်လည်း မနက်က ကိစ္စကိုတော့ သူအတော်စိတ်တိုရပါသည်။ လက်ရှိတွင်တော့ စာရင်းကိုသာ ပြန်အာရုံစိုက်လိုက်ရသည် ။ အသက်ကို အကြာကြီးစောင့်ခိုင်းမိရင် အားနာစရာဖြစ်ကုန်တော့မည် ။

   "ဆောရီး အသက်...ကိုယ်နည်းနည်းကြာသွားတယ်"

  "ရပါတယ် ကိုမြေ...အသက်ရောက်တာ မကြာသေးပါဘူး"

  "ကိုယ့်ဆီပဲ သက်သက်လာတွေ့တာလား"

  "ဟုတ်တယ်ဆိုပါတော့ ။ မိုးကုတ်ကို လာစရာလေးလည်းရှိလို့...နောက်ပြီး ကိုမြေကိုလည်း လွမ်းလို့"

  "အဟား...ဒီကလေးမ ပိုပိုတတ်လာတယ် ကြည့်စမ်း...ကိုယ်လည်း အသက်ကို အမြဲလွမ်းပါတယ်။ဒါနဲ့ အန်တီမျိုးတို့ရော နေကောင်းကြရဲ့လား"

  "ကောင်းတယ် ကိုမြေ"

  "မိုးကုတ်ရောက်လာတဲ့ အဓိက ကိစ္စက"

  "ပတ္တမြားတစ်ဆင်လောက် လိုချင်လို့ပါ။နောက်လ မေမေ့မွေးနေ့လေ"

  "အာ ဟုတ်လား။စိတ်မပူပါနဲ့...ကိုယ်ကူညီပေးပါ့မယ်"

  "အဲတာ...အသက် ရတနာတွေ သိပ်မကြည့်တတ်လို့ ကိုမြေအားတဲ့ရက် လိုက်ခဲ့ပေးလို့ ရမလား"

  "ရပါ့ဗျာ...မနက်ဖြန်ညနေ ကိုယ်အားတယ်။ဒါနဲ့ ...အခုက အသက်ဘယ်မှာနေလဲ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now