Part (17)

7.3K 622 28
                                    

Unicode

     "ဒေါက်တာ အရှေ့ကပဲ တက်ပါဗျ"

     "ကျေးဇူးပါ...ဟို..."

   ကားတံခါးဖွင့်ပေးသည့် ကောင်လေးအား ကျေးဇူးတင်စကားရာဝယ် နာမည်မသိသဖြင့် မြေမခ,ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ကောင်လေးဆိုသော်လည်း အရပ်အမောင်းကတော့ အနဂ္ဂထည်နဲ့ သိပ်မကွာချေ။

     "ကျွန်တော့်နာမည် ဆန်းမြတ်ပါ ဒေါက်တာမြေမခ"

     "မင်းကိုယ့်ကို သိတယ်လား"

     "ဒေါက်တာက မိန်းမလှလေးတွေကြား ဒီလောက်ရေပန်းစားနေတာ...မသိဘဲ ဘယ်နေပါ့မလဲ"

     "အဲလောက်လည်း မဟုတ်ရပါဘူး ဆန်းမြတ်ရဲ့"

     အနဂ္ဂ ကားထဲဝင်နေတာ (၄)မိနစ်ကျော် (၅)မိနစ်လောက် ရှိတော့မည်။ စကားတပြောပြောဖြင့် အတိုင်အဖောက်ညီနေသည့် နှစ်ယောက်အား အလိုမကျစွာ ကြည့်နေမိသည်။သို့သော် သူတို့ခမျာ ကိုယ်ရှိသည်ကို မေ့နေသကဲ့သို့ပင်။ ဆန်းမြတ်ကလည်း ပါးစပ်ကြီး နားရွက်တက်ချိတ်မတတ် ရယ်နေကာ ဟိုဆရာဝန်ကလည်း လက်ကလေး လည်ကုတ်ပွတ်ရင်း မျက်နှာပေး ခပ်ပြုံးပြုံးဖြင့်...။
       
      "ဒီတစ်သက် အိမ်ပြန်ဖို့ စိတ်ကူးရှိကြသေးရဲ့လား။ ပြောစရာတွေ ဒီလောက်များနေရင် ကော်ဖီဆိုင်လည်း ဝင်ထိုင်ခဲ့ကြဦး"

     "တက်ပါပြီဟ...သူတောင်းစားရ...စိတ်မရှည်လိုက်ပုံက ငါ့ဘကြီးတောင် အရှုံးပေးရမယ်"

     "ခွေးစကားပြောပြန်ပြီ"

    "အဲတာတော့ မင်းသားသမီးတွေပဲ"

     အနဂ္ဂ ဆက်ငြင်းခုန်မနေတော့ဘဲ ဘေးမှာဝင်ထိုင်လာသည့်လူအား တစ်ချက်ကြည့်ရင်း ကားကို မောင်းထွက်လိုက်တော့သည်။ မြေမခသော,က အသက်မရှူသည့်လူလို မလှုပ်မယှက်တောင့်တောင့်ကြီး လိုက်ပါလာတာဖြစ်၏။

      "ခင်ဗျားက ခွေးကြောက်တာလား...မကြောက်တတ်တာလား"

     "ဟင်"

     "​ဆေးခန်းမှာတုန်းက ရာဇာ့ကို ထိကိုင်ရဲတယ် မဟုတ်ဘူးလား"

    "သြော်...ဒါက အချိန်အခါပေါ် မူတည်တယ်လေ။ အခုအခြေအနေက မင်းခွေးကို ကြိမ်လုံးကြီးကြီးနဲ့ ရိုက်ပါစေဦး...သူငါ့ကို ပြန်လုပ်နိုင်မှာမှ မဟုတ်တာ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now