Part(5)

8.2K 631 17
                                    

Unicode

"ဟိုနေ့က အဆင်ပြေရဲ့လား"

"အင်း အနဂ္ဂက သေချာလိုက်ပြပါတယ်"

မြေမခ မျက်နှာတစ်ချက်ပျက်မလို ဖြစ်သွားပြီးမှ သေချာပြန်ထိန်းလိုက်သည်။ကိုယ်တိုင် လိုက်မပို့နိုင်ခဲ့လို့ အိမ်ထိလာတောင်းပန်နေသူကို သူစိတ်မထင့်စေချင်ပါ။ ပြောရလျှင် အနဂ္ဂ,သူ့ကိုသိပ်မကြည်တာ မဂ္ဂလည်းသိနေသည်ပဲ။

"ပြေတယ်ဆို ပြီးပါတယ်...ညီညီ့ကို ပို့ခိုင်းလိုက်ပြီးမှ အဆင်မပြေမှာကို စိတ်ပူနေတာ။ သူက ဘယ်နေရာဖြစ်ဖြစ် စိတ်မရှည်တတ်လွန်းလို့"

"တစ်ခုခုဆိုလည်း ငါကအကြီးပဲကို သည်းခံရမှာပေါ့"

"ညီညီက စိတ်မြန်လက်မြန် လုပ်တတ်လွန်းလို့ကွ...ကျောင်းတုန်းကဆို ကိုယ့်ကိုစက်ဘီးနဲ့တိုက်ပြေးတဲ့ကောင်ကို သေချာမှတ်ထားပြီး ကျောက်ခဲနဲ့ ခေါင်းကို ထုထည့်လိုက်တာ...ကွဲကုန်ပါရော"

"အာ ဒီလောက်ထိလား"

"မင်းမသိလို့ အဲထက်ဆိုးတာတွေရှိသေးတယ်။လူက တတိယတန်းလောက်ရှိသေး...ရဲစခန်းက သူ့အတွက် အိမ်ဦးခန်းလိုဖြစ်နေပြီ"

"ဘယ်လို"

"သူကကွာ သူချစ်တဲ့သူတွေကို အပြောနဲ့ ရန်စတာကစ မကြိုက်ဘူး...ပြီးတော့ လက်တွေပါကုန်ရော...တော်သေးတာက အဖေ့နာမည်သုံးပြီး လက်မှတ်ထိုးရုံပြီးတဲ့ အမှုတွေပဲမို့"

"သြော်...သူမင်းကို တော်တော်ချစ်ပုံပဲ"

"အင်း အစကအဖေ့ကိုလည်း သူတော်တော်ချစ်တယ်။ဒါပေမယ့် အဖေမှာငယ်ချစ်ဦးကောင်လေး ရှိပါတယ်ဆိုပြီး ဘယ်ကကြားလာတယ်မသိဘူး။အဲကတည်းက အဖေ့ကို ကန့်လန့်တိုက်နေတော့တာပဲ။အဖေနဲ့ အမေကွဲတော့တောင် အမေနဲ့ပဲ လိုက်သွားခဲ့တာ"

"ငါတော့ အန်ကယ်ကို ဒီလိုဟုတ်မယ် မထင်ပါဘူး"

"တကယ်လည်း မဖြစ်နိုင်ဘူးလေ...ဒါပေမယ့် အဖေက ဒီအကြောင်းမေးရင် ဘယ်တော့မှ ပြန်မဖြေဘူး"

"ဒီကိစ္စတွေကြောင့် အနဂ္ဂက ငါ့ကို အမြင်မကြည်ဖြစ်နေပုံပဲ၊သူက မင်းနဲ့ငါ့ကို..."

"သြော် သားမဂ္ဂ ရောက်နေတာပဲ"

အပြင်ကပြန်လာပုံရတဲ့ အန်တီခင်မီခကြောင့် မခ,က ပြောလက်စ စကားကို တစ်ဝက်တစ်ပျက်မှာတင် ရပ်တန့်လိုက်သည်။သူ့ကိုလှမ်းနှုတ်ဆက်ဆက်သည့် အန်တီမီကို မဂ္ဂလည်း ပြန်လည် ပြုံးပြလိုက်ပါ၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now