Part(33)

5.8K 436 17
                                    

Unicode

    "အငယ်ကောင်....လာဦး"

    "ပါး....ဘယ်တုန်းက ပြန်ရောက်တာလဲ"

    "မင်္ဂလာပါ မလုပ်ခင် လူအရင်လာ"

    ရန်ကုန်ရောက်နေသည့် ပါးက ဧည့်ခန်းထဲတွင် မိန့်မိန့်ကြီးထိုင်ရင်း ဆီးကြိုနေ၏။ပုံစံ အနေအထား၊စကားအသွားအလာအရ ချဥ်ငံစပ်ခါးအရသာတွေ လာပေတော့မည်။ ကျွန်းစားပွဲ၏ ဘယ်ဘက်ဆိုဖာတွင် သူ ဝင်ထိုင်လိုက်၏။

     "အဟက်...'ပြောတော့မိုး ထိုးတော့မြေကြီး'၊မင်း တကယ်ပါလား အနဂ္ဂထည်"

    "ဘာကိုလဲ ပါးရာ...သားအဖချင်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ပြောလို့ရပါတယ်"

   "အဖေက မင်းနဲ့ မခ,ကိစ္စကို ပြောနေတာ...ညီညီ"

  အပေါ်ထပ်ကနေဆင်းလာသည့် ကိုကြီးက သူ့ဘေးတွင် ပြောပြောဆိုဆို ဝင်ထိုင်လာ၏။ သူမသိလို့မေးတာမှ မဟုတ်ဘဲ...။ ဒါကိုလည်း ကိုကြီးသိမှာ သေချာသည်။ ယောက္ခမနှင့် စစ်တိုက်ပြီး ပြန်အလာ အိမ်ရောက်တော့ နား,တရားနာရမည့် ကိန်းဆိုက်နေပြီ။

    "မင်း မင်းအစ်ကို,ကို စိုးစိမှ မျက်နှာမပူဘူးလား ။ ဟမ်...သူ့ကို ယောကျာ်းတစ်ယောက်နဲ့ ကြိုက်ပါတယ် ဆိုပြီး မင်းပဲ သမုတ်ခဲ့တာ မဟုတ်ဘူးလား"

    "ကျွန်တော် Gayတွေကို မုန်းခဲ့တာမှ မဟုတ်တာ။ မားကို စိတ်ဆင်းရဲအောင် လုပ်ခဲ့လို့ အားလုံးကို အမြင်မကြည်စိတ်နဲ့ အရွဲ့တိုက်ခဲ့ရုံပဲ"

     "ဟ...'တစ်မ,ပေါက် တစ်ယောက်ထွန်း'...မင်း တကယ် ဗ​လောင်းဗလဲ နိုင်တာပဲ"

    ဘေးမှ ကိုကြီးက တစ်ခွန်းမျှ ဝင်မပြောချေ။အနဂ္ဂကိုယ်တိုင်လည်း ဆိုဖာတွင်ခေါင်းမှီကာ သူလက်တို့အား ဘေးသို့ဖြန့်ချထားရင်း ပါးကို အလဲထိုးနိုင်မည့် ချက်ကောင်းကို ဦးနှောက်က လိုက်လို့ရှာသည်။ သို့သော် သူ့အမှားကြောင့် ကိုယ်အလွန်ဖြစ်ခဲ့ရသည့်အခါ ချေပစရာ ဘာနည်းလမ်းမှ မရှိတော့ပေ။

     "အဖေ...အဲ့ဒီကိစ္စကို သေချာပြောဖို့ ဆန္ဒမရှိသေးဘူးလား။ တကယ်တော့ ကျွန်တော်လည်း သိချင်နေခဲ့တာပါ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now