Unicode
"သူဌေး..."
"ပြော...."
"ဒါ...ရန်ကုန်က ပြခန်းအသစ်ကိုပို့ရမယ့် စိန်အထည်စာရင်းပါ"
"အင်း..."
အနဂ္ဂရှင်းခိုက်ပေးသည့် စာရင်းစာရွက်ဖိုင်တွဲအား ယူကာ စိစစ်လိုက်သည်။ထို့နောက် လက်မှတ် ရေးထိုးပေးလိုက်၏။
"သူဌေး...မာယာတို့ ဘာလို့ခေါ်မလာတာလဲ"
"ဘာလဲ...လွမ်းနေလို့လား"
"တစ်ခါတစ်ခါ ထုရိုက်ပစ်ချင်စရာကောင်းပေမယ့် မမြင်ရတာကြာတော့လည်း သတိရသလိုလို ရှိတာနဲ့လေ"
"ဟိဏ်းနဲ့ သုခ ရှမ်းပြည်ဘက် အလည်သွားတာ၊သူတို့ကိုပါ ခေါ်သွားတယ်"
"သြော်...သူတို့ပဲ သာယာပါတယ်ဗျာ"
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၄)ကတည်းက သွားကြတာဆိုတော့ နောက်နှစ်ရက်လောက်ဆို ပြန်လာမည်ပြောသည်။ သုခက အတင်း ခေါ်ချင်နေလို့သာ ဟိဏ်းက မဖြစ်မနေ ခေါ်သွားရခြင်းပင်။ ဟိဏ်း၏ အောင့်သက်သက်မျက်နှာကြီးအား ပြန်မြင်ယောင်မိတော့ သူပြုံးမိသွားပြန်သည်။
"ဒေါက်...ဒေါက်..."
"ရှင်းခိုက်...ဘယ်သူလဲ သွားကြည့်ပေး..."
"ဟုတ် သူဌေး..."
ရှင်းခိုက်က အခန်းတံခါးဘက် လျှောက်သွားသော်လည်း အနဂ္ဂကတော့ Mac Bookမှ အကြည့်မခွာချေ။
"ဟေး...ဘေဘီ"
အသံနှင့်အတူ အခန်းထဲဝင်လာသူကြောင့် အနဂ္ဂ အနည်းနှင့်အများတော့ အံ့သြသွားရသည်။သို့သော် မျက်နှာမပျက်၊ ထိုင်ရာမှမထဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေ၏။
"ဘယ်တုန်းက ပြန်ရောက်တာလဲ"
"မင်းက စိမ်းကားတယ်ပေါ့လေ"
"အပိုတွေ၊မာဆလာတွေ မလုပ်လည်းဖြစ်တယ်"
"ဒီကလေးလေး...စိတ်ကောက်နေတယ်ပေါ့၊ကိုယ်ကတော့ လွမ်းနေရတာကို..."
"ဒေါ်သရဖီငြိမ်း...."
"အဟစ်...ဟစ်...မင်းကတော့ စိတ်ကြီးပဲ"

YOU ARE READING
အနက်ရောင် ရပ်ဝန်း-Black Zone(Completed)
General Fiction"ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မယ့် ရပ်ဝန်း...." "ဟင့်အင်း...ငါဆင်းသက်မယ့် ငါ့ရဲ့နိဗ္ဗာန်" U&Z StartDate(16,Dec,2021) End Date (6, Mar, 2022 ) Completed MiKyaw "ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မ...